မီးမ ဘာလို. အတင်းဆိုတာကို မုန်းလည်းဆိုတာ ဆက်ပြောပြပါမယ်။
မီး ထိုင်ဝမ်ရောက်ပြီး အကြောင်းကြောင်းကြောင့် အလုပ်တွေ ပြောင်းခဲ့ပါတယ်။ မီးမအလုပ်လုပ်ဖူးခဲ့တဲ့ နေရာတိုင်းမှာ ခုလက်ရှိ အလုပ်ရဲ. ရှေ.ခုက စပြီး ရောက် မြန်မာပြည်ကလူတွေ အများကြီး ရှိတာမျိုးကို ကြုံဖူးတာပါ။ဒါကြောင့် အရင်ကပြောတဲ့ ထိုင်ဝမ်က မြန်မာတန်းဟာ အင်မတန်ကြောက်ဖို.ကောင်းတာ .. အလုပ်မရှိ သူများ အတင်းအဖျင်းတွေ ထိုင်ပြောနေတာ မီးမ စိတ်မ၀င်စားခဲ့သလို စိတ်ဝင်စားဖို.လည်း မကြိုးစာခဲ့ဘူး။ အဲ့ဒိလို ဖြစ်ခဲ့တာ မီးမ အမှားပဲလားတော့မသိပါဘူး။ တကယ်တမ်း မီးမကိုယ်တိုင် အတင်းပြောတာခံ လိုက်ရတော့ ဘယ်လိုမှ ခံစားလို.မရအောင် စိတ်တိုမိတယ်။ မီးမနဲ. အလုပ်တူတူလုပ်တဲ့ အစ်မတွေ သူငယ်ချင်းတွေကပြောတယ်။ ဘာမှမဖြစ်သလိုဘဲ နေလိုက်ပါတဲ့။ နောက်ဆို အလိုလိုပြီးသွားမှာပါတဲ့။ ပြောနေတဲ့ပါးစပ်တွေ မောရင် အလိုလို ပိတ်သွားလိမ့်မယ်တဲ့။ တကယ်ဆို သူတို.ပြောတာမှန်ပါတယ်။ ဘာလို.လဲဆိုတော့ သူတို.က မီးမ မရောက်ခင်ကတည်းက ဒီမှာလုပ် နေကြတာ ပြီးတော့ မီးမက မြန်မာတွေ များတာခုမှ ကြုံဖူးတာ သူတို.က အရင်ကတည်းက ကြုံတာလေ။ သူတို.အတွက် အပြောခံရတဲ့ အတင်း က ဘာတွေနဲ. ရင်းလိုက်ရမှန်းမသိပေမယ့် မီးမအတွက်ကတော့ မီးမ အပြောခံရတဲ့ အတင်းတွေ အတွက် မီးမရဲ. မရှိတရှိ သိက္ခာဆုံးရှုံးလိုက်ရတယ်။ လူတွေက ပြောကြတယ်။ နောက်ဆို အကျင့်ဖြစ်သွားမှာပါတဲ့။ ဘာကို အကျင့်ဖြစ်ရမှာလဲ။ ချစ်သူဆုံးရှုံးတာကိုလား ? ဒါမှမဟုတ် မရှိတရှိ သိက္ခာ တွေ မရှိတော့တာလား ? နောက်ဆုံး ဒီပတ်ဝန်းကျင်မှာ မီးမ အလုပ်လုပ်နေသရွေ. မီးမချစ်သူနဲ. ဆုံနေကြုံနေအုန်းမှာမို. မီးမ အလုပ်ထွက်ဖို.ထိ မီးမဆုံးဖြတ်ခဲ့တယ်။နောက်ဆုံး မီးမ အကြောင်းကြောင်းကြောင့် အလုပ်မထွက်ဖြစ်ခဲ့ပေမယ့် မီးချစ်သူကောင်လေးကို တွေ.နေရက်နဲ. ဝေးနေတာထက်စာရင် မတွေ.တာ ပိုကောင်းမယ်ဆိုပြီး မီးမ အလုပ်ကို ၁ထပ်ကနေ ၄ထပ်ကို အလုပ်ချိန် ညဘက်ကနေ မနက်ကို ပြောင်း သူနဲ.ဝေးရာကို ရှောင်ထွက်ခဲ့ပါတယ်။ မီး ဒီလိုဆုံးဖြတ်တယ်ဆိုတာ မီးတို. ၂ယောက်လုံး အတွက်ပါ။ သူလည်းမီးကို တွေ.ရင် မလွတ်လပ်တာမျိုး စိတ်ရှုပ်မှာစိုးတာနဲ. မီးလည်းတွေ.တိုင်း ရင်ထဲကမကောင်းဘူး။ သူလည်း မီးမအပေါ်မှာ ဘယ်လိုဆိုတာ မီးမ အသိဆုံးမို. မီးမ ဒီလမ်းကို ရွေးချယ်ဖို. ပိုသေချာခဲ့တယ်။ မီးမရဲ.ဆုံးရှုံးမှုတွေအတွက် ဒီ အတင်း ဆိုတာကြီးကို အရမ်းမုန်းသလို မြန်မာပြန်ဆိုတဲ့ လူတွေကိုလည်း သောက်မြင်ကတ်ခဲ့တယ်။ ၀ါးလုံးရှည်နဲ. ပတ်ရမ်းတယ် ပဲပြောပြော မီး တကယ်ကို ရွံသွားခဲ့တယ်။ လူတိုင်းမဟုတ်တောင် မြန်မာပြည်ကပါလို. ပြောရင် လန်.နေတယ်။ ပြီးတော့ အဲ့ဒိလူတွေနဲ.အဝေးဆုံးကို ရောက်ဖို. ၄ထပ်ကို ရောက်အောင် ပြောင်းခဲ့တယ်။ မီး မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးပြီး ဘ၀မေ့တာမဟုတ်ပေမယ့် မြန်မာတွေနဲ.အလုပ်တူတူလုပ်ချင်တဲ့စိတ် ပျောက်ကွယ်သွားတာ အမှန်ပါပဲ။ တကယ်ဆို ရွံကြောက် လို.ပြောရင်လည်း မမှားပါဘူး။အော် .. ခုဆိုရင် ဘာလိုလိုနဲ. ၃လတောင် ရှိသွားပြီနော်။ ချစ်သူကို မေ့မရတဲ့စိတ်ရယ် မီးမုန်းတဲ့ ဘူ.ဘ၀ကြီး၁ခုလုံးကို ပြောင်းလဲစေတဲ့ အတင်း ဆိုတာ ကြီးကိုတော့ အိပ်မက်ဆိုးကြီး ၁ခုလို သတ်မှတ်သလို သောက်လေ သောက်လေ ငတ်မပြေနိုင်တဲ့ ပင်လယ်ရေလို တသသရှိနေသေးတိုင်း စိုင်းစိုင်းရဲ. သီချင်းလေး ၁ကြောင်းကို ခုချိန်ထိ .. နောင် ဘယ်အချိန်ထိမှန်း မသိအောင် ရွတ်ဆိုနေအုန်းမှာပါ။ ဘာသီချင်းလဲဆိုတော့ ဒီစာရဲ. ခေါင်းစဉ်လေးအတိုင်းပဲ ~~ အတင်းတွေအဖျင်းတွေ ပြောပြော အတင်းတွေအဖျင်းတွေ ချချ ~~
0 comments:
Post a Comment