ငါ့ကို ချစ်တတ်လား မမေးနဲ.
ငါမဖြေတတ်ဘူး။
ကဗျာလေးတွေက ကြေငြာကြလိမ့်မယ်။
ငါ့ကို လွမ်းတတ်လား မမေးနဲ.
ငါမဖြေတတ်ဘူး။
ကဗျာလေးတွေက တမ်းတကြလိမ့်မယ်။
ငါ့ကို မုန်းနိုင်လား မမေးနဲ.
ငါမဖြေတတ်ဘူး
ကဗျာလေးတွေက ကြေကွဲကြလိမ့်မယ်
ငါ့ကို မေ့နိုင်လား မမေးနဲ.
ငါမဖြေတတ်ဘူး။
ကဗျာလေးတွေက ငိုညည်းကြလိမ့်မယ်။
0 comments:
Post a Comment