

ယောင်းမတို.ရေ ...
ဒီနေ.တော့ မီးမ ဈေးထဲမှာ ကန်စွန်းရွက်တွေ အများကြီးတွေ.လို. အားရပါးရ ၀ယ်ပစ်လိုက်တယ် .. စချက်လိုက်ကြစို.နော်။
ပါဝင်တဲ့ပစ္စည်းတွေကတော့
ကန်စွန်းရွက် ( သူက အဓိကလေ)
ကြက်သွန်နီ/ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း
မန်ကျည်းသီးအနှစ်
ငပိငံပြာရည် နဲ. ပုစွန်ခြောက်မှုန်.
အချိုမှုန်. ဆနွင်းမှုန်. နဲ. အရောင်တင်မှုန်.ပေါ့။
ပထမဦးဆုံး .. ကန်စွန်းရွက်ကို ဖြတ်တောက်ပြီး ရေအရင်စိမ်ထားပါ။ ဒါမှ မြေကြီးတွေ ဓါတုဗေဒပစ္စည်းတွေ စင်မှာလေ။ မန်ကျည်းသီးအနှစ်နဲ. ငပိ(အနည်းငယ်) ကိုလည်း ခွက်၁ခွက်စီ ထည့်ပြီး ရေနွေးနွေးလေးနဲ. ဖျော်ပေးပါ။ အဲ့လိုစိမ်ထားတုန်း ကြက်သွန်နီဖြူကို အခွံခွါ ငရုတ်သီး အမှီးဖြတ် ရေဆေးပြီး ပါးပါးလေးလှီးပေးပါ။
လှီးပြီးသားလေးတွေကို ချက်မယ့် အိုးထဲထည့် ပြီးတော့ ဆီပူပူလေးနဲ. ဆီသတ်ပေါ့ (ညှော်မယ်နော် အရပ်ကတို.ရေ)။ လှီးထားတာလေးတွေနဲ. ပုစွန်ခြောက်မှုန်. ကို ရောပြီးဆီသတ်တဲ့အခါ အပေါ်မှာပြောထားတဲ့ ဆနွင်းမှုန်. အရောင်တင်မှုန်.နဲ. ဟင်းချိုမှုန့်တွေပါရောထည့်နော်။ ငံပြာရည်လေးလည်းမမေ့နဲ့။မီးအေးအေးလေးနဲ. လုပ်ထားတုန်း စိမ်ထားတဲ့ ကန်စွန်းရွက်လေးပြေး ဆယ် .. သေချာဆေးပြီးမှနော်. အရမ်းမလောနဲ့။ရရင် ကန်စွန်းရွက်နဲ. စိမ်ထားတဲ့ ငပိနဲ. မန်ကျည်းရည်ကို ရောထည့်လိုက်ပါ။ ပြီးတော့ ရေကို အနေတော်လေး လိုက်ရော .. အရသာကတော့ ကိုယ်လိုချင်တဲ့ပုံမျိုးလေး ပြင်လိုက်ပါ။ ရေလည်းဆူပြီ .. အရွက်လည်း နူးပြီးဆို ကြည့်ကောင်းအောင် ထည့်ပြီးတော့ .. စားကြမယ့်ဟေ့ ခစ်ခစ်။
ပုစွန်ခြောက်နေရာမှာ ငါးသေတ္တာ ဒါမှမဟုတ် ပုစွန်ကို နုတ်နုတ်စဉ်းပြီးလည်း ထည့်လို.ရပါတယ်။ ပုစွန်ခြောက်ကတော့ နည်းနည်း သက်သာပြီး အိမ်မှာ အလွယ်တကူရှိတာလေးကို အဆင်ပြေပြေ ချက်လိုက်တာပေါ့။
0 comments:
Post a Comment