Saturday, April 18, 2009

ကန်စွန်းငပိ ဒီလိုရှိ၏


မီးမပြောတယ်နော် .. ကန်စွန်းရွက် ၀ယ်တာများသွားလို. ... မငြီးမငြူ စားလိုက်ရအောင် ပရိတ်သက်ကြီးရေ ..

ဒီ၁ခါတော့ ယိုးဒယားအစားအစာဖြစ်တဲ့ ကန်စွန်းရွက်နဲ. ငပိရော ကြော်လိုက်ရအောင်ကွယ်။

ပါဝင်တဲ့ ပစ္စည်းတွေကတော့

ထုံးစံအတိုင်း ကန်စွန်းရွက်

ငပိ

ကြက်သွန်ဖြူ

ငရုတ်သီးတောင့်

အချိုမှုန်. တွေဖြစ်ပါတယ်။

အရင်ဆုံး ဆေးထားတဲ့ ကန်စွန်းရွက်ကို ရေစစ်ထားပါ။ ရေစစ်ထားတုန်း ငပိကို ရေနွေးနွေးလေးနဲ. ဖျော်ပေါ့။ ပြီးတော့ ကြက်သွန်ဖြူနဲ. ငရုတ်သီးတောင့်လေးတွေကို ပါးပါးစိပ်စိပ်လေး လှီးပါ။ ပြီးရင် ဒယ်အိုးကို မီးနဲ.တိုက်။ (မလန်.ပါနဲ. မီးအပူပေးပြောတာ)။ ဆီပါထည့်နော်. ဆီပူလာပြီဆိုရင် ကြက်သွန်ဖြူ နဲ. ငရုတ်သီး လေးတွေ ရောပြီး ဆီသတ်ပါ။ အဲ့အချိန်မှာပဲ ငပိအရည်ဖျော်လေးကို ထည့်။ နည်းနည်းလေး အနံ.ထွက်လာရင် (ငပိနံ.) (သေချာတယ် ဘေးအိမ်က မြန်မာမဟုတ်တော့ ဆဲပြီ) ရေစစ်ထားတဲ့ ကန်စွန်းရွက်လေးထည့်။ အချိုမှုန်.လေးဖြူး .. နူးပြီဆို ပန်းကန်ပြားလှလှလေးထဲ သေချာ ထည့် မဖိတ် မစင်နဲ. သန်.အောင်နော် .. အစားအစာမှာ အမြင်ကောင်းမှ စားချင်ကြတာ။ အမြင်က အရင်တဲ့ အရသာက နောက်မှ လာတာ။ ဒါဆို .. အရံဟင်း၁ခွက်ရပြန်ပြီ ချစ်ယောင်းမတို.ရေ ...




0 comments: