Friday, April 10, 2009

လောကကြီးမှာဗျာ လူတွေလူတွေ

မီးမ ထိုင်ဝမ်ရောက်တာ ၄နှစ်လည်း ကျော်ခဲ့ပါပြီ။ အလုပ်လုပ်ခဲ့တာလည်း ၄နှစ်ကျော်နေပြီ။ လူတွေအကြောင်းလည်း သိသင့်သလောက် သိနေပြီလို.လည်း ထင်ပါတယ်။လူတွေဆိုလို. လူတိုင်းကို ပြောတာမဟုတ်ပါဘူး။ မြန်မာပြည်က လူတွေကို ပြောချင်တာပါ။ အတင်း လို.ပဲ ပြောမလား။ တကယ်ဆို မီးမ အတင်းပြောတာ ကို အရမ်းမုန်းပါတယ်။ ဒါပေမယ့်လည်း လူရယ်လို. ဖြစ်လာရင် အတင်းနဲ. မကင်းကြပါဘူး။ မီးမကိုယ်တိုင်တောင် ၁ခါ၁လေ ပြောမိတတ်ပါတယ်။ အတင်း ပြောတယ်ဆိုတာ အတိုင်းအတာ၁ခုတော့ ရှိသင့်တယ်ပေါ့နော်။ လူ၁ဖက်သားကို ထိခိုက်နစ်နာအောင် မပြောသင့်တာမျိုး။
ပထမစပြောရမယ်ဆိုရင်တော့ မီးအရင် အလုပ်က အန်တီ ၁ယောက်အကြောင်းပေါ့။ခုပြောနေတာလည်း အတင်း ဖြစ်ကောင်းဖြစ်မယ်။ စပြောမယ်နော်။ ဒီလို .. အဲ့အန်တီက မြန်မာပြည်ကပါပဲ။ အလုပ် စစ၀င်ချင်းဆိုရင် လူသစ်ကို နှိမ်တယ်။ နှိပ်ဆက်တယ်ပေါ့နော်။ဒါက အလုပ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတာကို မီးမနားလည်ပါတယ်။ဒါပေမယ့် နိုင်ငံခြားရောက် မြန်မာတွေ စည်းလုံးမှုမရှိတာ .. ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့စိတ်တွေပေါ့နော်။ ပြောရင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုမျိုးပဲ အရမ်းရှက်ဖို. ကောင်းပါတယ်။ အဲ့အန်တီက အရမ်းအတင်းပြောပါတယ်။ စားသောက်ဆိုင်ဆိုတာ နေ.တိုင်းဖွင့်တာမို. မီးမတို. အလုပ်နားရင် အလှည့်ကျ ကိုယ့် ပိတ်ရက်နဲ. ကိုယ်နားရပါတယ်။
အဲ့တုန်းကဆို အဲ့ဒိ အန်တီက ဒီနေ.ဘယ်သူနားရင် အဲ့ဒိလူအကြောင်း အတင်းပြောပါတယ်။ လူရှေ.ကျရင်တော့ အင်မတန် ကောင်းတဲ့သူလိုလည်း ဟန်ဆောင်ပါတယ်။ မီးမလည်း ကြာလာတော့ ရိပ်မိလာတယ်။ နောက်ပြီး စဉ်းစားမိတာလေး ၁ခုက အော် .. ငါနားရင် ငါ့အလှည့်ပေါ့နော်ဆိုပြီးတော့လေ။
အော် လူတွေ လူတွေ ... ဘာလို. အဲ့ဒိ အတင်း ဆိုတာကြီးကို ပြောနေကြတာလည်းနော်။ ကိုယ့်ထမင်းကိုယ်စားပြီး တော်တော် အားနေကြလို.လား။ ၀သီဆိုတာကို ဘန်းပြပြီး ပြောနေကြတာတွေ။ အရမ်းပဲ စိတ်ပျက်တယ်။ ဘာလိုလိုနဲ. မီးမတောင် အဲ့အန်တီရဲ. အတင်း ကိုပြောမိပြီ။
ပြောချင်တာက ဒီလိုပါ။ မြန်မာပြည်က လူတွေရဲ. အကျင့်စရိုက်က ပြင်မရတော့တာလား။ ဘာလို.လဲဆိုတော့ မီးမ ကြုံတွေ.သမျှတော်တော်များများဟာ နိုင်ငံခြားရောက် မြန်မာတွေမှာရှိနေပါတယ်။
တကယ်ပါ။ပြောရတာ ရှက်ဖို.ကောင်းပါတယ်။ မြန်မာလူမျိုးတွေရဲ. ဓလေ့စရိုက်လေးတွေက ချစ်ဖို.ကောင်းတယ် ဘာညာပေါ့နော်။ ဒါပေမယ့် .. ဒီ အတင်း ပြောတာကြီးကရော ... သူများအကြောင်းကို စိတ်ဝင်စားပြီး လိုက်ပြောနေတာကို ပြင်မယ်ဆိုရင် ပိုပြီး ချစ်ဖို.ကောင်းမယ်လို. မီး ထင်ပါတယ် .. အားလုံးလည်း ပြင်ဆင်နိုင်ကြပါစေ။
မီးလေး။



0 comments: