
အော် .. မီးမရဲ. ဘလော့လေးကို မထိတာ တော်တော်ကြာနေပါပြီ။ တလောက အွန်လိုင်းမှာ ခင်တဲ့ သူငယ်ချင်း၁ယောက် (ခင်တာလည်း ၄ ၅ နှစ်လောက်ရှိပြီ) ကိုယ်ပိုင် website လုပ်မယ်ဆိုလို. မီးမရဲ. ဘလော့လေးကို ခဏလေးထားပြီး လုပ်ရာကနေ အရှိန်ရတော့ ဒီဘက်ကို မ၀င်နိုင်ဘဲ ဟိုမှာချည်း အချိန်ဖြုန်းနေတာ ၃ ၄ လ လောက်ပေါ့။
အစကတော့ ခဏကူရင်း အရမ်းဖြစ်မြောက်ချင်တာ လူတွေအပြောကို ဂရုမစိုက်ဘဲ ငါတို.လုပ်နိုင်တယ်ဆိုတာကို ပြဖို. ကြိုးစားခဲ့တယ်။ ကြိုးစားမှုရဲ. ရလာဒ်ကရော .. ပြောရရင် မီးမ စောက်သုံးမကျရာရောက်ပါတယ်။ ကိုယ်ကြိုးစားတာတွေ အလကားပဲ။ ကျေးဇူးတင်ခံချင်လို. ကူခဲ့တာ မဟုတ်ပေမယ့် ရလာတဲ့ အကျိုးကတော့ စားပြီးနားမလည် ၀ါးပြီးမျိုချ ဆိုတာမျိုးပဲ။
လူတွေကပြောတယ်။ သူငယ်ချင်း ဆိုတာ အေးအတူ ပူအမျှ မဟုတ်တောင် ဆိုးတိုင်ပင် ကောင်းတိုင်ပင် မဟုတ်လား ? အချို.ကိစ္စတွေတောင် ချစ်သူချင်းပြောမရတာတွေ သူငယ်ချင်းဆို အားမနာ လျှာမကျိုး (ဘယ်ကျိုးမလဲ .. လျှာမှာ အရိုးမှ မရှိတာ(လျှာရိုးမရှိ ဆိုတာတောင် ရှိသေး) ) ဖောက်သည်ချ ကြသေးတာပဲ။ ဒါပေမယ့်လေ .. သူငယ်ချင်းဆိုတာ အမျိုးမျိုးရှိတာ နားလည်သွားတယ်။
ဘယ်သူမပြု မိမိမှု တဲ့။ လက်ခုပ်ဆိုတာ ၂ဖက်တီးမှ မြည်တာလေ။ မီးမ မကောင်းတာလည်းပါတာပေါ့။
ပြဿနာတက်တာက ဘာမှ မဟုတ်ဘူး။ လူများလာတော့ စောက်ဂရုမစိုက်ချင်တာလည်းပါတာပေါ့လေ။ မီးမတို. ညည မအိပ်ဘဲ လုပ်ပေးတာတွေ လူသိအောင် မနည်းကြော်ငြာတာတွေ .. website မှာ ရေဒီယိုလည်း ထည့်ထားတော့ နားထောင်သူလေး ၃ ၄ ယောက်ကနေ လူပေါင်း ၂၀ကျော်အောင် ပြောကြဆိုကြ ကြိုးစားကြနဲ. အရမ်းပျော်ခဲ့ပါတယ်။ လူတွေက အောင်မြင်မှုနဲ. မတန်တာဘဲလားတော့ မသိဘူး။ အောင်မြင်လာတော့ ကွဲကြပေါ့။ လုပ်စရာ ဒါပဲရှိတာကိုး။ ကွဲတယ်ဆိုတာ website က ဘာမှမဖြစ်သွားပါဘူး။ မီးမချစ်သူနဲ. မီးမ ဘဲ ထွက်လာတာ။ (ဘယ်ဖြစ်မှာလဲ အားကိုးရှိလို. လည်း ကန်ထုတ်တာပေါ့)။
မီးမက မီးမ သူငယ်ချင်းကို စိတ်လည်းတိုတယ်။ စိတ်လည်းနာတယ်။ စောက်မြင်အကတ်ဆုံးကတော့ မနေ.တနေ.ကမှ အွန်လိုင်းသုံးဖူးပြီး လူသိခံချင်လို. ဒီဂျေ ၀င်လုပ်နေတဲ့ ကောင်မလေး ၁ယောက်ရဲ. စကားပါပဲ။ ဘာရယ် .. ပြန်မခေါ်နဲ. မာန်တက်သွားလိမ့်မယ် တဲ့။ ဟုတ်ပါတယ်။ ရှင်တို.ပဲ တော်တယ် တတ်တယ်။ ငါတို.က ၄ ၅ လ လုပ်လာတာ ကြိုးစားပြီး။ မနေ.တနေ.ကမှ ဖြစ်လာတဲ့ ဒီဂျေ ပေါက်စ ရဲ.စကား .. ပြီးတော့ ချီးထုပ်ကျတဲ့ သူ.ရည်းစား ရယ် .. စိတ်ပျက်ဖို.ကောင်းလိုက်တာဗျာ။ ရှက်တတ်ရင် သတ်သေဖို. သင့်တယ် အဟုတ် ..
အဲ့နေ.က မီးမ ထွက်ခဲ့ပြီး မီးမ ငိုခဲ့သေးတာ။ ချီးစား အဲ့ စဉ်းစားကြည့်ပေါ့ ပရိတ်သတ်ကြီးရယ် .. ကိုယ်ပျိုးခဲ့တဲ့ အရာလေး .. မဆီမဆိုင် ပြန်ထိုးပေးခဲ့တာ .. စိတ်မကောင်းတာ .. နှမြောတာ .. အစုံပဲဗျာ .. တကယ်။ အဆိပ်ပင် ရေလောင်းတယ် သဘောထားပေါ့ဗျာ။ လူကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို.တောင် မထင်တာ .. ထားလိုက်ပါတော့။ သူကြင်မှ ကိုယ်ကြင် .. ချင်း (ဂျင်း) စိမ်းနဲ. မိဿလင် ပေါ့။
ခုတော့ ~~ အားလုံးပြီးဆုံးသွားပြီ ဇာတ်လမ်းလေး ~~
ချီးထုပ်အားလုံး ဘောပဲဗျာ။ တင်းလည်းတင်းတယ်။ သွားလျှော့ပြီ။ ဒန်တန်.တန် ...
0 comments:
Post a Comment