.jpg)
ကဲ သူငယ်ချင်းကောင်း ယောင်းမ အပေါင်းရေ တို.တွေ ဝေလေလေ နေမယ့်အစား .. လင်ယောက်ျားများရဲ. မဟာတော်ဝင်ထိပ်တင်လေးများ ဖြစ်ဖို. အပြုအစုကောင်း လိုအပ်တယ်ဟုတ် .. မိန်းမဖြစ်ဖို့က လွယ်ပေမယ့် မယားဖြစ်ဖို့ ခက်ခဲတယ်တဲ့။ ဒီတော့ .. မယားကောင်လေးများ ဖြစ်အောင် .. ကိုယ့်လင်ယောက်ျား အချိန်တန် အိမ်ပြန်ပြီးစားသောက်ဖို. လေ့ကျင့်ကြပါစို့။
မိန်းမတွေချည်းအတွက် ရေးတာမဟုတ်လို့ ကိုကိုအပေါင်း ယောက်ျားကောင်းတို့လည်း တတ်သင့်တာလေးတွေ တတ်ထားဖို့ ဖတ်ပြီးလေ့လာပေးကြပါနော်။
အိမ်ထောင်၁ခုမှာ မီးဖိုချောင်က အရေးကြီးဆုံးမို့ အလဟဿ မဖြစ်ရလေအောင် စီးသည့်ရေ ဆည်သည့်ကန်သင်း ဆိုသလို သက်သာလွယ်ကူ စားကောင်းတာလေး ဖြစ်အောင် မီး တတ်နိုင်သလောက် ရှာဖွေ (ကိုယ်တိုင်ချက်လေးတွေရော) ပြီး ရေးလိုက်ပါတယ်နော်။
မီးမတို. နိုင်ငံရပ်ခြားမှာနေတဲ့သူတွေက မြန်မာဟင်းနဲ. အနေဝေးကြပါတယ်။ ပြီးတော့ အလုပ်တွေ ကျောင်းတွေ အမျိုးမျိုးကြောင့် ရှိတာကိုပဲ ၀ယ်စားလိုက်တော့ ဗိုက်ပြည့်တော့လည်း ပြီးတာပဲပေါ့။ ဒါပေမယ့် ၁ခါ၁လေတော့လည်း အိမ်ဟင်းအိမ်ထမင်းကို မင်မိပါတယ်။ ချက်တော့လည်း မြန်မာမှာမွေး မြန်မာမှာကြီးဆိုတော့ မြန်မာဟင်းပဲ ချက် .. မြန်မာဟင်းလေးပဲ စားချင်မိတာပေါ့နော်။
ကဲ .. မီးမရဲ. လက်ရာတွေရော တခြား စားစရာလေးတွေရော .. အရသာ အစုံကို လက်လှမ်းမီသလောက် တင်လိုက်ပြီနော် ..
0 comments:
Post a Comment