Saturday, August 1, 2009

<\3


မကြားဟန်ဆောင်ရင်း .. နားလေးသွားတဲ့ လူ၁ယောက်လို ..

မချစ်ဟန်ဆောင်ရင်း .. မချစ်တတ်တော့တဲ့ အဖြစ်မျိုး .. ငါလွယ်လွယ်နဲ့ မရခဲ့ဘူး။


အချစ် ကို ဖိနပ်၁ရံ ချွတ်သလို ချွတ်ထားခဲ့ဖြစ်ဖို့နဲ့ ..

နှလုံးသား ကို အ၀တ်လျှော်သလို .. လျှော်ဖွပ် သန့်စင်လိုက်ဖို့ .. ငါမအောင်မြင်ခဲ့ဘူး။

မချစ်အောင် ကြိုးစားရင် ၁စ ၁စ ပို ပိုပြီး ချစ်ခဲ့တာလည်း အပြစ်မရှိပါဘူးနော်။ ရင်ခုန်သံကို .. အကျဉ်းချလို့မှ မရနိုင်တာဘဲ။ အကြည့်ချင်းဆုံရင် .. မျက်လွှာချတတ်တဲ့ မိန်းမအမျိုးအစားထဲမှာ .. ငါမပါဝင်တဲ့ အတွက် .. နင့်မျက်ဝန်းတွေမှာ ငါကျဆုံးခဲ့ပါတယ်။ အချိန်တိုင်းမဟုတ်တာတောင် နေ့၁နေ့ရဲ့ အချိန်၁ချို့တွေမှာ .. ဒီအချိန်ဆို .. မောင်` ဘာလုပ်နေလဲလို့ တွေးကြည့်ရုံနဲ့ .. နွေးထွေးသွားတတ်တာလည်း .. ရူးသွပ်မှု ၁ခုတော့ မဟုတ်ပါဘူး။ လူ၁ယောက်ရဲ့နှလုံးသားခံစားမှုဆိုတာ .. အဲ့ဒိနှလုံးသားကို ပိုင်ဆိုင်ဖူးသူမှသာ .. တိတိကျကျ နားလည်သိရှိနိုင်တာမျိုးပါ။ ဘယ်လိုပဲ စာတွေဖွဲ့ဖွဲ့ ကဗျာတွေ ရေးရေး .. ရင်ထဲက ခံစားချက်အမှန်ကိုတော့ .. မမီနိုင်ပါဘူး။ မောင့်ကို ချစ်မိတာ .. ဒီ၁ဘ၀စာမှ ဟုတ်ရဲ့လားလို့ .. သံသယရှိခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် .. ငါ့ဘ၀ရဲ့နောက်ဆုံးထွက်သက်ထိ .. မောင့်ကိုပဲ လေးလေးနက်နက် .. ချစ်နေမှာပါ။ ငါ့ရဲ့နောက်ဆုံးရင်ခုန်သံတွေကလည်း .. မောင့်အတွက်ပဲ ဖြစ်နေမှာပါ။


0 comments: