ဆရာမ - ခြံစည်းပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို. တယောက် က သေနတ်နဲ့
တချက် ပစ်လိုက်ရင်။ ငှက်ဘယ်နှကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။
ဂျော်နီ - ဘယ်နှကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ့ အားလုံး
ထပျံကုန်မှာပါ။
ဆရာမ - အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ့် မင်းရဲ့ အတွေး
အခေါ်ကို ကြိုက်တယ်။
ဂျော်နီ - ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတခုမေးမယ်နော်။
ဆရာမ - အင်း မေး။
ဂျော်နီ - အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ
ရေခဲမုန့်ထိုင်စားနေကျတယ်။ ပထမတစ်ယောက် က ရေခဲမုန့် ကို ဘေးကနေ လျှာ နဲ.
လျှက်နေတယ်။ ဒုတိယ တစ်ယောက် ရေခဲမုန့်ကို အပေါ်က နေ အားရပါးရ စုပ် နေတယ်။
တတိယ တစ်ယောက် က ရေခဲမုန့်ကို ကိုက်စားနေတယ်။ ဘယ်တယောက်က အိမ်ထောင်သည်
လို့ထင်လဲ ဆရာမ။
ဆရာမ က ရှက်ရှက် နှင့်
ဆရာမ - အပေါ်က နေ အားရပါးရ စုပ် နေတဲ့ သူက အိမ်ထောင်သည် ပေါ့ကွယ်။
ဂျော်နီ - မှားတယ်ဆရာမ ၊ သူတို့ထဲ က လက်ထပ် လက်စွပ်ရှိတဲ့သူ က
အိမ်ထောင်သည် ပါ။ ဒါပေမယ့် ကျွန်တော်လည်း ဆရာမ အတွေးအခေါ်ကို သဘောကျပါတယ်။
/
/
/
အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ့ရဲ့ small လေး ဆီကို
အလည်သွားပါတယ်။ သူ့ရဲ့ small လေးကလဲ သူ့ကိုတွေ့တိုင်း
Small လေး xx "ရှင့်ရဲ့ ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။
ဒါမှရှင်ရဲ့ အင်မတန် ခန့်ညားတဲ့ ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး
ခံစားလို့ရမှာ"
အမျိုးသား xx "ငါ့အိမ်က အဖွားကြီးက အဲ့ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ့သာ
အဲ့ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ့ဝေးပြီ။"
Small လေး xx "တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန့်အဟွန့်"
Small လေး ရဲ့ အချွဲကောင်းမူကြောင့် ထိုအမျိုးသားလဲ သူ့ရဲ.့ပသိုင်းမွေး
ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ့မယားကြီး ခုတင်ပေါ်ကို
တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး
လှည့်မကြည့်ပဲ သူ့ ရဲ့ မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ ပြောလိုက်ပုံက
"အမလေး ၊ ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော့မှာနော်"
/
/
/
ရဲ ၀န်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူ
အလုပ်စော ပြီး တာနဲ့ အိမ်ကို ခါတိုင်းထက် ၄နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်း ဟာ သူ့မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင့်
မီးမဖွင့်တော့ပဲအမှောင်ထဲမှာ တင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး
ကိုယ်လုံး ဗလာဖြင့် ခုတင်ပေါ် တက်လိုက်ပါတယ်။
ဒီအခါမှာ သူ့မိန်းမ က အလန့်တကြားနှင့်
မိန်းမ - "ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော့မယ် ။ ဟို ၂၄ နာရီဖွင့်တဲ့
ဆေးဆိုင်က ခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်"
ရဲဝန်ထမ်း - "၀ယ်ပေးရမှာပေါ့ မိန်းမရယ်၊ ခဏလေးစောင့်နော်"
လို့ ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော့တယ်။
ဆေးဆိုင်ရောက်တော. အရောင်းဝန်ထမ်းက အံ့သြစွာဖြင့်
အရောင်းဝန်ထမ်း - "ခင်ဗျား က ဟိုဘက်မြို့နယ် က ရဲမဟုတ်လား"
ရဲဝန်ထမ်း - "ဟုတ်တယ်လေ ဘာလို့လဲ"
အရောင်းဝန်ထမ်း - "ဒါဆို ခင်ဗျားက ဘာလို့ မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ"
ရဲဝန်ထမ်း - "ဟေ
/
/
/
ဘာဖြစ်လို့လဲ သားရဲ့
သား - "မေမေ၊ ကနေ့သား ဖေဖေ နဲ့ ဘစ်စ်ကား စီးနေတုန်း ဖေဖေ က သား ထိုင်နေ
တဲ့နေရာကို ဖယ်ခိုင်းပြီး အန်တီကြီး တစ်ယောက်ကို ပေးထိုင်တယ်မေမေရဲ့"
အမေ - "အော် သားရယ်၊ ဒါ ကုသိုလ် ရတဲ့ အလုပ်ပဲလေ ဘာဖြစ်လို.လဲ သားရဲ့"
သား - "သား က ဖေဖေ့ ပေါင်ပေါ်မှာ ထိုင်နေတာနော်၊မေမေ"
/
/
/
မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ့တိုင်း
ရုံးတက်တဲ့အိတ်ထဲထည့်ထည့်ထားတယ်။ ဘာလို့လဲ။
လင် - သြော် ဘယ်လောက် ကြီးမားတဲ့ အခက်ခဲ ကြုံရ ပါစေ
မင်းဓါတ်ပုံကိုကြည့်လိုက်တာနဲ့ အားလုံးကို ကျော်လွားနိုင်ခဲ့တယ်။
မယား - ကြည့်စမ်း၊ ကျွန်မ ဟာ ရှင့်အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။
လင် - မဟုတ်ပါဘူးကွာ ၊ မင်းဓါတ်ပုံကို ကြည့်ပြီး ငါ့ကိုယ်ငါ ပြန်မေးကြည့်တယ်
"ဒီထက်ဆိုးတဲ. အခက်အခဲ ဘာရှိနိုင်ဦးမှာလဲလို့"
/
/
/
သိပ်ကောင်းသောအရာ
ရထားပေါ်တွင်ဖြစ်သည်။
ကက်လစ်ဘုန်းကြီးနှင့် ဂျူးဘာသာရေးတရားဟောဆရာတို့ တစ်ခန်းထဲ ထိုင်လာကြသည်။
ကသလစ်ဘုန်းကြီးက ဂျူးဘာသာရေး
တရားဟောဆရာကို ပြောသည်။
"ကျနော့်မှာ ၀က်ပေါခြောက် ပါတယ်၊ စားပါဦးလား"
"ကျနော်တို့ ဘာသာရေးက ၀က်သားမစားရလို့ တားမြစ်ထားပါတယ်"
"အင်း၊ ၀မ်းနည်းစရာပဲ၊ သိပ်အရသာရှိတာဗျ"
ဘူတာသို့ ရောက်သောအခါ ဂျူးဘာသာရေးတရားဟောဆရာက မဆင်းခင်
ကက်သလစ်ဘုန်းကြီးကို ပြောသည်။
"ဖာသာရဲ့ ဇနီးကို ဦးညွတ်တယ်လို့ ပြောပေးပါ။"
"ကျနော့်မှာ ဇနီးမရှိဘူး၊ ကျနော်တို့ဘာသာရေးက ကျနော်တို့ကို မိန်းမ
မယူရဘူးလို့ တားမြစ်တယ်။"
"ဟုတ်လား ၊ ၀မ်းနည်းစရာပဲဗျာ၊ ကျေနပ်စရာ သိပ်ကောင်းတာဗျ။"
/
/
/
n: လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်-
အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်...
လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ
0 comments:
Post a Comment