Monday, July 27, 2009

လွန်လွန်းတယ် သောက်တင်းနဲ့ ထိုင်ဝမ်ရောက် မြန်မာများရယ်

~~ And so we talked all night about the rest of our lives Where we're gonna be when we turn 25 I keep thinking times will never change Keep on thinking things will always be the same But when we leave this year we won't be coming back No more hanging out cause we're on a different track ~~


အားပါး .. အလုပ်ပိတ်ရက် အိပ်ကောင်းနေတုန်းဆို ဖုန်းက လာပြီ။ စောစောစီးစီး ဘယ်သူပါလိမ့် ဆိုတဲ့ အတွေးနဲ့အတူ ဖုန်းကို အမြန်ကိုင်မိတယ်။ မနက် ၉နာရီတောင်ရှိနေပြီပဲ ဆိုတဲ့ အသိ .. ဘယ်ကဖုန်းလဲ .. သူငယ်ချင်းတွေထဲကပဲနေမယ်။



ဖုန်း ring tone ကို အမျိုးအစားခွဲပြီး set up ထားလို့ vitamin C friends forever ( Graduation) သီချင်းသံကြားတဲ့ အခါ သူငယ်ချင်းထဲကမှန်းသိလိုက်တယ်။ .. အိပ်မှုန်စုံမွှားနဲ့



" 喂 " ...



မီး .. အိပ်နေတုန်းလား .. ဆိုတဲ့ အသံကြားတော့ မီး အလုပ်မှာ ခင်တဲ့ မီးသယ်ရင်း ၁ယောက် ဖြစ်နေတယ်။ အသက်တူ အရွယ်တူဆိုတော့ ပိုပြီးလည်း ခင်မိတယ်လေ။




သြော် ... ဟုတ် .. ရတယ် နိုးပြီ ဆိုတော့ နိုးပြီထင်ပြီး ဆက်လိုက်တာတဲ့ .. မီးမက အော် .. ဟုတ် .. ရတယ် နိုးပြီဆိုတာနဲ့ ဟိုအကြောင်း ဒီအကြောင်းလေးပြော (အတင်းမဟုတ်ပါ)။ ခုဆို ထိုင်ဝမ်နေ အင်မတန် ပူလှပါတယ်။ အရေပြားထိခိုက်လွယ်တယ် ဆိုပါတော့။ ဒီတော့ မိန်ကလေးများဆိုတဲ့ အတိုင်း Avon ပြောင်းလိမ်းရင် ကောင်းမလားတို့ SKII ရော ဆိုတာလေး Shisedo suncare ကျတော့ရောဆိုတာနဲ့ Shisedo တော့ မီးမကြိုက်ဘူး အသက်ကြီးတဲ့သူတွေ လိမ်းတာများသလားလို့ဆိုပြီး ပြောဖြစ်ကြတယ်။ Lancôme တော့ မဆိုးဘူးပေါ့။ ဒါပေမယ့်ဈေးကြီးလွန်းတော့ ၀ယ်ပြီး သိပ်မသုံးရက်ဘူးဆိုတော့ ရီဖြစ်ကြသေး။


အဲ့လို ဟိုပြောဒီပြောရင်းနဲ့ မီးတောင် အောက်မဆင်းလာတာကြာပြီ ဘာညာပေါ့နော်။ အလုပ်က ၁တိုက်တည်းပေမယ့် အထပ်မတူတော့ မတွေ့ဖြစ်ဘူး။ နောက်တော့ အလုပ်အကြောင်းရောက်သွားတယ်ဆိုပါတော့။ (ပြောချင်တဲ့ ဇာတ်လမ်းက ခုမှစမှာ)။


သြော် .. မီးလည်း အောက်မရောက် ဖြစ်တော့ ဟိုအစ်မတို့ရော တွေ့ဖြစ်လား ဘာညာပေါ့နော်။ မေးတော့ မီးရယ် .. သတိတရ မေးနေသေးတယ်။ ဟိုက ကိုယ့်ကို အကောင်းပြောတာမဟုတ်ဘူးတဲ့ ကွယ်ရာမှာ မဟုတ်မဟပ် အတင်းတွေ ပြောထားတယ်ဆိုတော့ မီး စိတ်ဝင်စားသွားတယ်။ ဟုတ်တယ်လေ။ ကိုယ့်မကောင်းကြောင်း ဘာတွေ အပြောခံရလဲပေါ့နော်။ မီးရေ .. မီးစိတ်နဲ့ဆို အဲ့၁ယောက်ကို သွားပြီး အစ်မဘာညာဆိုပြီး ဒေါကန်ပြီး ရန်တွေ့မှတဲ့။ မိန်း လည်း အစက အဲ့လို သွားပြောပစ်ချင်တာ။ လာပြောပြတဲ့ အန်တီကို အားနာလို့။ ကြားက သူမကောင်းဘူးဖြစ်မယ်လေ။



ပြောပုံက ဒီလို။


မီးမတို့အရင်က အလုပ်ကို ညဆိုင်း ဆင်းတာပါ။ မီးမပြောဖူးပါတယ်။ မီးမ အစက ၁ထပ်မှာ အလုပ်လုပ်ရတာ။နောက်တော့ ၄ထပ်က engineers' assistance လိုတယ်။ 妹妹 စိတ်ဝင်စားလား ဆိုပြီး ၁ထပ်က engineer ၁ယောက်ကလာမေးတော့ ဟုတ် ဆိုပြီး ဖုန်းနံပါတ်နဲ့နာမည်ပေးပြီး interview လုပ် ၁ပတ် အတွင်း အပေါ်ထပ်ကို ပြောင်းသွားပါတယ်။ နောက်တော့ မီးတို့ အလုပ်လုပ်နေတဲ့ Line က ဖြုတ်တော့မယ်ဆိုတဲ့ သတင်းကတော့ ကြားကြားနေရတာပေါ့နော်။ မီးအပေါ်တက်ပြီး ၁လလောက်နေတော့ အောက်ထပ်က အဲ့လိုင်းဖြုတ်လိုက်ပြီကြားရော။ အဲ့မှာ တချို့ ၀န်ထမ်းတွေကို မနက်ပိုင်းအလုပ်ကို ပြောင်းပေးပါတယ်။ အထက်လူကြီးတွေ ကြိုက်တဲ့ တော်တဲ့ သူတွေပေါ့။ ဒါနဲ့ မီးသယ်ရင်းလေး မနက်ကို ရောက်လာတယ်ဆိုပါတော့။ ကြားဖြတ်ပြောပါရစေ။



အဲ့ဒိ ၁ထပ်က မနက်ပိုင်းမှာ အရင် မီးတို့ ညဆိုင်းမှာ အလုပ်တက်သွားတဲ့ အစ်မ ၁ယောက်ရှိတယ်။ မြန်မာလူမျိုး စစ်စစ်ပါ။ တရုတ်လို သိပ်မတတ်လို့တဲ့ မီးနဲ့ ၁ရက်တည်း အလုပ်ဝင်တုန်းက သူ့ယောက်ျားက ခေါ်သွားပေးပါတဲ့။ မတတ်လို့ဘဲ တော် တော့ တယ် .. တတ်များတတ်ရင် မီးမတို့ တရုတ်မတွေ ရောင်းစားခံရမယ်။ လူမျိုးခွဲပြီးပြောတာ မဟုတ်ပါဘူး။ မတတ်ဘဲတောင် အတင်းပြောနိုင်တာ တော်လွန်းလို့ ချီးကျွေး အဲ့ .. ချီးကျူးတာပါ။

ဘာလို့ ဒီလိုပြောသလဲဆို .. မီးမတို့ အရင် ညဆိုင်းမှာ အလုပ်ဝင်ခါစက manufacturing line ဆိုတော့ ကိုယ့်နေရာနဲ့ ကိုယ်ပေါ့နော်။ ဒီတော့ ကိုယ့်နေရာရဲ့ဘေးမှာ အလုပ်လုပ်တဲ့သူဆို နေ့တိုင်း ဘေးချင်းကပ်ထိုင်တဲ့အခါ ရင်းနှီးလာတာပေါ့နော်။ ဖြစ်ချင်တော့ မီးဘေးမှာက မီးနဲ့ ရွယ်တူ Taiwanese ကောင်လေးပေါ့။ ပြီးတော့ နောက်၁ဖက်မှာက မြန်မာပြည်ကပဲ အန်တီ ၁ယောက် (အဲ့အန်တီက သဘောသိပ်ကောင်းတာ မီးကို အကုန်သေချာသင်ပေးတယ်)။ မီးတို့ အလုပ်က ညဆိုင်းဆိုတော့ အိပ်ချင်တတ်ကြတယ်။ ဒီတော့ အဲ့ကောင်လေးက ပြောတယ် .. ဟယ် 妺妺 ငါတို့ဒီတိုင်းဆို အိပ်ပျော်သွားမှာတဲ့။ စကားလေးဘာလေးပြောပေါ့နော်။ ဒီလိုနဲ့ ရင်းနှီးပြီး စကားတွေပြော စနောက်ပေါ့နော်။ ဒါမှ မငိုက်မှလေ။


ဒီလိုနဲ့ နားချိန်ရောက်တော့ အဲ့ဒိအစ်မက မီးကို လာရှာတာပေါ့နော်။ပြီးတော့ မြန်မာပြန် ကောင်မလေးတွေ အသစ်ဆိုတော့ ပြေးကြည့်မှ ဒီလူနဲ့ ဒီလူပဲ ရှိတာကိုး ရှာကြ တူတူမုန့်စားပေါ့နော်။ နားချိန် မီးဘေးက ကောင်လေးကိုတွေ့တော့ နှုတ်ဆက်တာပေါ့နော်။ အဲ့ဒါကို ဘာပြောလဲဆိုတော့ မီးမီး နင်အဲ့လိုကောင်လေးတွေကို သွားမရောနဲ့တဲ့ (နှုတ်တောင် မဆက်ရဘူးလား) စက်ရုံဆိုတာ လူပေါင်းစုံကြည့်နေတာတဲ့ နင့်အကြောင်းပြောကြလိမ့်မယ်ဆိုပဲ။ (သူကိုယ်တိုင်ပြောမှာလေ)။ မီးကလည်း အော် အစ်မရယ် ကိုယ်က line ပေါ်ရောက်သွားတော့ ပြန်တွေ့တာ နင်က ဘာလဲ ငါ့ကို အပြင်မှာကျ အဖတ်တောင် မလုပ်ဘူးဆို မကောင်းဘူးလို့ ရိုးရိုးနှုတ်ဆက်တာတော့ မလွန်ပါဘူးလို့။နောက်ကျတော့ အားလားလား သူကျတော့ အိမ်ထောင်သည် မိန်းမ၁ယောက်က အလုပ်က အသက် ၁၉ ၂၀ ကောင်လေးတွေ (taiwanese)လေးတွေနဲ့ တဟီးဟီးတဟားဟား။ မီးမနှုတ်ဆက်တာကို ပြောတာကျ ရစရာမရှိ။ နောက်ထပ်လည်း ပြောလာရော မီးမ ပြောပစ်လိုက်တယ်။ ရိုးရိုးနှုတ်ဆက်တာနဲ့ ဟီလာတိုက်တာမျိုး လူတွေ ခွဲခြားတတ်ပါတယ်ဆိုပြီး ( အဲ့မိန်းမကြီး တော်တော် အီသွားတယ်)။ စကားမတတ်လို့ဘဲနော်။ (ဒါကြောင့် ဒီင်္မှာပြောကြတာ ရိုးရိုး အပျိုအရွယ် ကောင်မလေးတွေထက်စာရင် အိမ်ထောင်သည်တွေက ပိုသွက်တယ်တဲ့ သူတို့က ယောက်ျားနဲ့ အနေနီးတော့ ပိုမြူဆွယ်တတ်တာလေ) အိမ်ထောင်သည်တိုင်းကို စော်ကားတာ မဟုတ်ပါဘူး။ ကိုယ့်ယောက်ျားမှာ အားမနာ အပြင်မှ ဖြစ်ချင်တိုင်း ဖြစ်နေတာ။

ကြွားတာကလည်း ရစရာ မရှိ။ မျက်နှာမှာ ဘာမှ မလိမ်းလာဘဲနဲ့များ ငါတို့က Avonတို့ Shisedo တို့မှ သုံးတာဘာညာ .. အနည်းဆုံးလိမ်းထားရင် အနားကပ်တဲ့အခါ ကိုယ်လိမ်းထားတဲ့ lotion အနံ့လေးတော့ ရတတ်တယ်လေ။ ဘာအနံ့မှ မရှိဘဲ လိမ်သေးတာ။ ၀ မရှိဘဲ ၀ိလုပ်ချင်တွေ။

အော် ... ခု၁ခေါက်ကျတော့ သူက မီးမနဲ့ မီးမသယ်ရင်းကို ဘယ်လိုပြောလဲဆိုတော့ မီး တို့ ဒီလို ဖြစ်လာတာ သူများကို မြူဆွယ်ပြီး ဖြစ်လာတာတဲ့။ မီးက အပေါ်(၄ထပ် မီး လက်ရှိအလုပ်လုပ်နေတဲ့နေရာ) က engineer နဲ့ ကြိုက်နေတာတဲ့။ အီစီကလီမို့လို့ သူ့ဘဲက နေရာကောင်းကောင်းရအောင် ခေါ်သွားတာတဲ့။ပြီးတော့ မီးသယ်ရင်းလေးကျတော့ ယော်ကျားလေးတွေကို မြူဆွယ်တယ်။ ပြီးတော့ လိုင်းဖြုတ်ခံရတောင် အကပ်နဲ့ နေ့ဆိုင်းကို ရောက်အောင် လုပ်တယ်ဆိုပြီး taiwanese တွေရော မြန်မာတွေကိုရော သိသမျှလူတွေကို လိုက်ဖွပါတယ်။ အဲ့ဒါနဲ့ မီးတို့ကို ပြောပြတဲ့ အန်တီကပြောပါတယ်။ မဟုတ်တာ မပြောပါနဲ့။ကလေးတွေကိုတဲ့။ ပြီးတော့ မီးတို့ ကိုတော့ အနေအထိုင် မတတ်ဖြစ်မှာစိုးလို့ နည်းနည်းပါးပါး နေတတ်ထိုင်တတ်အောင် ဆုံးမတာပေါ့နော်။

အသွားမတော် ၁လှမ်း အစားမတော် ၁လုပ် မဟုတ်လား။ လူတွေက နဂိုကတည်းက ပြောချင်ချင် .. ဒီတော့ ခလုတ်တိုင်လဲရင် ထူမယ့်သူ မရှိဘူး။ ခြေထိုးခံပြီး မကောင်းပြောဖို့နဲ့ ကဲ့ရဲ့ဖို့စောင့်နေကြတာချည်းပဲလေ။ ဒီတော့ နေတတ်ထိုင်တတ်အောင်နေပေါ့နော် ..


မီးမလည်း ကြားတုန်းက ဆို သွားတောင် ပြောပစ်ချင်တာ .. နည်းနည်းပါးပါး စဉ်းစားဥာဏ်လေး ရှိစမ်းပါ။ ဒီအသက်မှ အားမနာ မစဉ်းစားတတ်ဘူးလား။ ကိုယ့်လူမျိုး အချင်းချင်း မဟုတ်တာတွေ ဖွ တော့ နောက်ဆုံး သူများနိုင်ငံက ဘယ်လိုထင်ကြမလဲ ဘယ်လိုစဉ်းစားကြမလဲ နင်တို့မြန်မာနိုင်ငံကလူတွေက ဒီလိုပဲလား ဘာညာဆိုပြီး အထင်အမြင် သေးမှာ မကြောက်ဘူးလား .. လျှာရိုးမရှိတိုင်း ပြောချင်တာ ပြော.. ပါးစပ်က လမ်းဘေး ဈေးလို ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေတာ ... နည်းနည်းလေး စဉ်းစား အရှက်ရှိပေးပါ။ ကိုယ့်သားသမီး မဟုတ်တိုင်း ပြောချင်တာပြော ကိုယ့်သမီးအလှည့်မှ ဗိုက်၁လုံးနဲ့ မပါမိစေနဲ့ပေါ့။ သားမွေးခဲ့ရင်လည်း ဗိုက်ပါလာတဲ့ ချွေးမ အစစ် ရနေမှ ဟုတ်ပေ့ ဖြစ်မယ်။


တကယ်လို့များ မီးသယ်ရင်းနဲ့ မီးက ဒီလိုဖြစ်နေတော့ရော .. ဘာဖြစ်မှာမို့လဲ

မနာလိုတော့ မဖြစ်နဲ့ မခိုင်ဇာလင်းရေ .. မီးတို့က အပျိုဆိုတော့ ရွေးချယ်ခွင့်ရှိနေသေးတယ်။ အစကတည်းက အရည်အချင်းရှိရင့့်လက်ရှိလင်ကို မှီခိုပြီးမှ ထိုင်ဝမ်ရောက်အောင် မလုပ်ဘဲ အပျိုဘ၀နဲ့လာပေါ့။ ဘယ်နှယ့် ကိုယ်ပိုင် အစွမ်းအစလေးနဲ့မလာနိုင်ဘဲနဲ့ လင်အားကိုးနဲ့ရောက်လာတာ။ ရောက်လာတော့ရော .. ကိုယ့်ယောက်ျားကို ဘာများ အလုပ်အကျွေးပြုနိုင်သလဲ ဆရာဝန်မဟုတ် ဘာမဟုတ် .. အလုပ်မလုပ်လဲ ရတယ်ဆိုတာကို ပါးစပ်ဖျားက မချနိုင်ဖြစ်နေတယ်။ဟုတ်ပါ့ အလုပ်မလုပ်လဲ ရတယ် မြန်မာတန်းမှာ မုန့်ဟင်းခါးရောင်းနေရမှာလေ(သူ့ယောက္ခမက မြန်မာတန်းမှာ မုန့်ဟင်းခါးနဲ့ အကြော်ကြော်ရောင်းပါတယ်။ ဆိုင်နာမည်က ရွှေရင်မုန့်ဟင်းခါး)

စားကြပါအုန်း မုန့်ဟင်းခါးပူပူလေး ... ဟီး (ကဲ တော်သေးပြီ)

0 comments: