Tuesday, August 4, 2009

ယနေ့ခေတ်ပညာရေး


ရွာစဉ်ထိုထို တက္ကသိုလ်
မြင်မြင်သမျှ ပါမောက္ခ
တွေ့သမျှလူ ပါရဂူ
B.A ဘွဲ့များ ဈေးရောင်းစား
B.Sc ဆင်း Marketing
B.C.Sc အလုပ်ရှားသည်
B.C.Tech များ လတ်လျားလျား
M.C ဆင်းများ Chatting သွား
B.E ပြီးကာ Workshop မှာ
တတ်နိုင်သူများ S'pore သွား
ထို့ကြောင့် သားငယ်
ပညာခေတ်ဝယ်
ဘွဲ့ရသည်မှာ
မရှိမကောင်း ရှိလည်းကောင်းဟု
ပညာရှိများ ဆိုစကားကို
ဆုံးမနာယူ မှတ်လေလော့ ။




0 comments: