Tuesday, August 4, 2009

;D

တစ်ခါက လင်မယားနှစ်ယောက် စကားအချေအတင်ပြောကြသတဲ့။ အဲ ယောက်ျား ဖြစ်သူက computer crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက် အလေးမထားဘူးဆိုပြီး စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး ဖြစ်ပါတယ်။
ကဲ... သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။
မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။ ။ Set Default
မိန်းမ။ ။ ကျွန်မကို crazy အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။
ယောက်ျား။ ။ Bad command or file name
မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။ ဒီကွန်ပျူတာ ရှေ့မှာပဲ အချိန်ဖြုန်းနေတာပဲ။ ဒါပဲနော် နောက်တစ်ပတ်ကျရင် ရုပ်ရှင်သွားကြည့် ကြမယ်။
ယောက်ျား။ ။ Drive not ready
မိန်းမ။ ။ ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ ထမင်း အတူတူစားတော့ ပိုစားဝင်တာပေါ့။
ယောက်ျား။ ။ Access denied
မိန်းမ။ ။ ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက် အလျှော့ ပေးရမလားဆိုပြီး ကျွန်မကို ဆူနေပြီ။
ယောက်ျား။ ။ Divide Over Flow
မိန်းမ။ ။ ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက် ရှိပြီလဲဆိုတာ။
ယောက်ျား။ ။ Not enough memory
မိန်းမ။ ။ ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့ နည်းလမ်း တွေသင်ပေးဖို့ ကျွန်မတို့အိမ်ကို ၂ လ ၃ လ လောက် လာနေမယ်တဲ့။
ယောက်ျား။ ။ Insufficient disk space
အဲဒီအချိန်မှာ မိန်းမက အရမ်းစိတ်ဆိုးသွားပြီး အနားမှာရှိတဲ့ ပန်းကန်နဲ့ ယောက်ျားကို လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။
ဒီအချိန်မှာ ယောက်ျားက Now Save to turn off your computer လို့ အားရပါးရအော်ပြီး လဲကျသွားပါလေတော့သည်။
Grand ပုလင်းမှဆရာကြီးနာမည်ကြီးသဖြင့်မြ၀တီမှလာရောက်မေးမြန်းလေရာ.....
" grand ပုလင်းဆရာကြီးခင်ဗျာ.....NTFS အကြောင်းလေးပြောပြပါခင်ဗျား..."
" အန်တီအက်ဖက်လား.....ငါ့ငယ်ရည်းစားပေါ့...ခုတော့သူဋ္ဌေးကြီးတစ်ယောက်နဲ့အိမ်ထောင်ကျလို့အေးဆေးဖြစ်သွားပြီ................."
" linux လည်းလူသိများလာတယ်နော်...."
" နောနော် လောက်တော့မဟုတ်သေးပါဘူး"
" Java ကိုရောဘယ်လို သုံးပါသလဲ...ခင်ဗျာ.."" ရေ နွေးထည့်..ဖျော်သောက်ရတယ်ကွ......ကြီးလာရင်ငါယူမလို့ချိန်ထားတဲ့ကောင်မလေးကြော်ငြာတာလေကွာ......."
" C+ ကိုရော....ဆရာကြီး...ဘယ်လိုမြင်ပါသလဲ...."" ဘယ်လိုမှမမြင်ဘူး.......သောက်လို့တော့ကောင်းတယ်...Grand ပုလင်းနဲ့ရောပြီး....ကိုင်လိုက်ရရင်တော့...ဟင်း.ရှလွတ်"

သင်အသဲကွဲနေပါသလား? ဒါဆိုအောက်ကစာလေးအတိုင်းလိုက်လုပ်ကြည့် ပါ
(၁)လူကိုအစာကျွေးပါ .မျက်စိကိုအစာကျွေးပါ
(၂)လေးနာရီနှင့် အထက်Chatting ထိုင်ပြီးပက်ပက်စက်စက်ကြူပါ ၊အညောင်းမိလျှင်မာဆက် သွားပါ
(၃)သီချင်းနားထောင်ပါ
(၄)Game ဆော့ ပါ
(၅)Online ကတစ်ယောက်ယောက်ကိုစချစ်ပါ(ps.ဓာက်ပုံ ကြည့် ပြီးမှချစ်ပါ..ကုလားကြီးအရာကြီးဖြစ်နေလျှင်ပိုးစိုးပက်စက်ကွဲနေသည့် အသဲဆောက်ကျိုးနဲသွားနိုင်သည
်(၆)အလုပ်ရှုပ်စေမဲ့ အရှုပ်တွေလုပ်ပါ
(၇)ကြူံတဲ့ လူနဲ့ ဖုန်းပြောပါပိန်းရွက်ပေါ်ပက်ကျိကျသလိုချွဲပစ်နေသောအသံဖြင့် သာပြောပါ
(၈)အရည်မရအဖက်အလုပ်ဆိုအခကြေးငွေမရသည့် တိုင်အားသွန်စိုက်လုပ်ပါ
(၉)တစ်ပြိုင်နက်တည်းရည်းစား4ယောက်လောက်ထားပါ
(၁၀)ဆံပင်colour ,style.type အားလုံးပြောင်းပါ တက်နိုင်သူများSex ပါပြောင်းပါ(
၁၁)သွားခဲ့ ဘူးသည့် နေရာများကိုနောက်ရည်းစားဖြင့် ထပ်သွားပါ တိုးခဲ့ဘူးသည့် ခြုံကိုရှင်းပစ်ချင်သည့် စိတ်ရှိလျှင်တောမီးရှို့ ပါ




0 comments: