Friday, June 12, 2009

Robot Evolution

ခု အောက်က ၀တ္ထုတိုလေး ဇာတ်လမ်းက မိုက်တယ်ဗျ ... ဖတ်ကြည့်ကြ ... မော်ဒန် ပေါ့ .. ဟဲဟဲ

ကိုရိုးရာရေ ... ကျေးဇူးတင်ပါတယ်နော်။

သက္ကရာဇ် 2688 ခုနှစ် နိုင်ငံအနှံ့အပြား၌ တတိယကမ္ဘာစစ်မီးတောက်လောင်နေချိန်..........၀ါရှင်တန်ဒီစီ မြို့တွင်လျှို့ဝှက်ကျင်းပသောနါုင်ငံတကာထိပ်သီးညီလာခံခန်းမအတွင်း၌ ကိုယ်စားလှယ်များစုံညီစွာရောက်ရှိနေကြသည်။တီးတိုးသံများက ခန်းမအတွင်းပြန့်ကျဲလျက်ရှိသည်။ထိုစဉ်.. (ဒုန်း.....ဒုန်း...)သဘာပတိဖြစ်သော ကုလသမဂ္ဂအတွင်းရေးမှုးက တိတ်ရန်အချက်ပေးလိုက်ခြင်းဖြစ်သည်။ထို့နောက် (ကဲ....အားလုံးသိကြတဲ့အတိုင်းပဲ။ဒီကနေ့ဖြစ်ပေါ်နေတဲ့စစ်ပွဲရဲ့အခြေအနေကို ကျုပ်ထပ်မပြောတော့ဘူး။ဘယ်လိုရှေ့ဆက်ပြီးတိုက်ပွဲဝင်မလဲဆိုတာ ၀ိုင်းဝန်းအကြံပြုကြပါဦး။)(အင်း...အခုဖြစ်နေတဲ့စစ်ပွဲက အရင်ကဖြစ်တာတွေနဲ့မတူဘူးဗျ။ အဲဒီတော့အချက်အလက်တွေထဲမှာလည်းပြန်ရှာလို့မရဘူး။) ဆိုဗီယက်ကိုယ်စားလှယ်တော်က နှိုင်းနှိုင်းဆဆဟန်ဖြင့်ပြောသည့်စကားအဆုံးတွင် (ခင်ဗျားကလည်းအချက်အလက်ပဲအားကိုးနေတယ် ခင်ဗျားမှာဦးနှောက်မပါဘူးလား စဉ်းစားပေါ့ဗျ) ဂျာမန်ကိုယ်စားလှယ်ဧ။်စကားကြောင့် ဆိုဗီယက်ကိုယ်စားလှယ်မှာ ပါးစပ်ပိတ်သွားရရှာသည်။ (ကျုပ်တို့လက်နက်ချလိုက်ရင်ကောင်းမလား) ပြင်သစ်ကိုယ်စားလှယ်ကမ၀ံ့မရဲလေသံဖြင်ပြောသည်။ (ဟာဘယ်ဖြစ်မလဲ......ဟုတ်တယ် အရင်လိုဘ၀ကိုပြန်မသွားနိုင်ဘူး...) တစ်ယောက်တစ်ပေါက်သံမှားဆူညံသွားသည်။ (ဒုန်း....ဒုန်း)သဘာပတိက ငြိမ်သက်ရန် အချက်ပေးလိုက်သည်။ (အားလုံးပဲပြေပြေလည်လည်ဆွေးနွေးကြပါ)။ (ဒီကိစ္စက ဂျပန်တွေမှာလည်းအပြစ်ရှိတယ် သူတို့အငြိမ်မနေပဲ လျှောက်စမ်းသပ်လို့ ဖြစ်ရတာ) ဗြိတိန်ကိုယ်စားလှယ်ဧ။်စကားကြောင့် ဂျပန်ကိုယ်စားလှယ်မှာ ဇက်ပုသွားရရှာသည်။ (ကဲ......ဖြစ်ပြီးမှတော့ ဘယ့်သူကိုမှအပြစ်မပြောပါနဲ့တော့ အဓိက,ကဘာဆက်လုပ်ကြမလဲဆိုတာပဲ) သဘာပတိက၀င်ထိန်းသည်။ (တကယ်တော့ ဒီလိုဖြစ်ရတာ ကျုပ်တို့အားလုံးမှာအပြစ်ရှိတယ်)တရုတ်ကိုယ်စားလှယ်ဧ။်စကားအဆုံးမှာအားလုံးအံ့သြကုန်ကြသည်။တရုတ်ကိုယ်စားလှယ်က စကားကိုဆက်သည် (ဒီလိုပါ ဟောဒီကမ္ဘာမှာ ကျုပ်တို့တတွေစတင်ဖြစ်တည်လာချန်ကနေစပြီး ဖွံ့ဖြိုးတိုးတက်မှုတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖြစ်ပွါးခဲ့တယ်။ဒါပေမဲ့ကျုပ်တို့ဟာအပြင်းကြီးပြီး ကျုပ်တို့ရဲ့လုပ်ငန်းတွေမှာ သူတို့ကိုစေခိုင်းနိုင်ဖို့ကြိုစားခဲ့တယ်လေ။ အဲဒီကနေ တစ်ဆင့်ပြီးတစ်ဆင့် ပိုပိုမြင့်တဲ့အလုပ်တွေကို သူတို့နဲ့စေခိုင်းလာကြပြန်ရော အဲဒီတော့ သူတို့ဟာတစ်ဖြည်းဖြည်းနဲ့ဥာဏ်ရည်တွေမြင့်မားလာပြီး အခုဆို ကျုပ်တို့နေရာကိုတောင်မှခြိမးခြောက်လာပြီမဟုတ်လား။) တရုတ်ကိုယ်စားလှယ်ဧ။် စကားအဆုံး၌ သက်ပြင်းချသံများ တစ်ပြိုင်နက်လိုလို ပေါ်ထွက်လာကြသည် (အင်း...ဘာပဲပြောပြောပေါ့လေ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ပြန်ချောက်ခံရတာလောက် ခံရခက်တာမရှိဘူးဗျာ။ ကဲ.. ဒီတော့ကျုပ်တို့ဘာဆက်လုပ်ကြမလဲ)သဘာပတိဧ။်စကားအဆုံး၌ အားလုံးငြိမ်သက်သွားကြသည်။ထိုစဉ်(၀ုန်း...) ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ခန်းမတံခါးကြီးပွင့်သွားကာ electromagnetic gun များကိုင်ဆောင်ထားသော စစ်သည်များ ပြေးဝင်လာကြသည်။ (နိုင်ငံအသီးသီးမှ robot ခေါင်းဆောင်ကြီးများခင်ဗျာ ခင်ဗျားတို့ကို လူသားမျိုနွယ်များကထိန်းသိမ်းလိုက်ပါပြီ အားလုံးအညံ့ခံပါ)နောက်တစ်ပတ်ခန့်အကြာတွင် ကမ္ဘာကြီးအား လူသားမျိုးနွယ်စုက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းကို သီတင်းဌာနပေါင်းစုံမှ အလုအယက်ကြော်ငြာသံများကို နေရာအနှံ့အပြား၌ကြားနေရချေပြီတည်း။

0 comments: