ဒီနေ.က မီးမ အခု လက်ရှိအလုပ်မှာ လုပ်တာ ၁နှစ်ပြည့်တာလေ။ ဘယ်သူဘယ်ဝါမှ လာပြီး ဂုဏ်ပြုမနေဘဲ ..(ဂုဏ်ပြုစရာလည်းမဟုတ်) ကိုယ့်ဘာသာကိုယ်ပဲ ၁နှစ်ပြည့်ဆိုပြီး wine ၁လုံးလောက် ဖောက်သောက် .. ၀ရန်တာကနေ စိတ်လိုလက်ရလျှောက် အော်ရကောင်းမလားလို. တွေးမိတယ်။ဒါလည်း မဖြစ်သေးပါဘူး။ ခု ထိုင်ဝမ်အချိန် မနက် ၂နာရီ။ ဘေးအိမ်က ရဲတိုင်လိုက်မှဖြင့် ပတ်ဝန်းကျင်ဆူပူမှုနဲ. ဟိုထဲရောက်နေမယ်။ အဲ့ဒါတော်သေး စိတ်မနှံ့လို့ဆိုပြီး အရူးထောင်ပို့လိုက်မှ နဂိုကတည်းက ဂေါက်တောက်တောက်က ပိုပြီး သွက်သွက်ခါသွားမယ်။ ဟဲဟဲ။
တွေးမိတာ .. မနှစ်က ဒီလိုအချိန်ပေါ့ မအူမလည် အခု အလုပ်ရဲ. ပထမထပ်လေးမှာ အလုပ်စ၀င်ခဲ့တာလေး ... ကြောက်လည်းကြောက်တတ် .. မလုပ်လို.ကလည်း မဖြစ် ( တနေ.လုပ်မှ တနေ.စားရတဲ့ဘ၀လေ) သူငယ်ချင်းပါတော့ တော်သေးတယ်။ ပြီးတော့ အဲ့ဒိ အလုပ်ကို မိတ်ဆက်ပေးတဲ့ မမကလည်း မီးမကို သူ.နားချိန်ရောက်တိုင်း လာလာကြည့်ပေးတယ်။ အဲ့ဒိအတွက်လည်း ကျေးဇူးတော့ တင်မိသား ခစ်ခစ် ...
အော် .. ၁နှစ်တဲ့ .. ဘာမှသာမဟုတ်တာ .. မြန်လိုက်တာနော် .. အသက်တွေလည်းကြီးလာပြီ။ ဟူး .. အချိန်နှင့် ကြွေးရှင် .. အဲ့ ဒီရေသည် လူကို မစောင့်တဲ့။ ဒီတော့ သမီးကညာ အခါမလင့်တုန်း လင်မြန်မြန်ယူမှ။ အသက် ၂၅ကျော်ရင် ကိုယ်က ရွေးခံရမှာ။ ဒီတော့ ရုပ်ရှိ သက်ငယ်တုန်းလေး ကိုယ့်ဘက်က အရင် ခေါင်းခေါက်ပြေးရွေးမှ။ ခက်တာက အရွေးခံမယ့် ကောင် ၁ကောင် ၁မြှီးလေမှ မရှိ။ မီးမတို့ စွန်ချက်က လန်ထွက်နေလို. ဒန်ခွက်နဲ. ဖိထားရတယ်။
အဓိကပြောချင်တာကတော့
မီးမ အခုအလုပ်မှ အဆင်ပြေပြေ လုပ်နိုင်အောင် မိတ်ဆက်ပေးတဲ့ မမရော .. ကျန်တဲ့ မီးမကို စောင့်ရှောက် ( ကိုင်ဆောင့်သင့်ကိုင်ဆောင့်ခဲ့တာ) အန်တီ မမ ကိုကို ညီမ မောင်လေး သေးသေးကွေး တွေရော .. မီးမကို လူတွေအကြောင်း ကောင်းကောင်း သိအောင် သင်ကြားပို.ချ (စာတွေ.ရော လက်တွေ.ပါ) ပေးတဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေအားလုံးကို ကျေးဇူးတင်ကြောင်း မီးမ ဒီနေရာကနေ လက်အုပ်ချီ ဂါရ၀ပြုလိုက်ပါတယ်ရှင် (မင်းသမီးတွေလို ပြောကြည့်တာ တူလားဟင်)။ ခစ်ခစ်ခစ် .. တကယ်ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးတင် ချင်လို. ဒီပို့စ်လေး တင်လိုက်တာပါ။
0 comments:
Post a Comment