Wednesday, June 10, 2009

သတင်းလေးများ


မီးမ စာမရေးတာ တော်တော် ကြာနေပြီ။ အပျင်းကြီးနေတာ။ ကုန်ကြမ်းတွေလည်း ရှိသားနဲ. ဟဲဟဲ ... ပျင်းပျင်းနဲ. အီးမေးလ်က ရသမျှကို ကော်ပီနေတာ ကြာပြီ။ အိပ်ချင်တာနဲ့ ကျောင်းလေးပြေးတက်တာနဲ့ ဒါကို မလုပ်ဖြစ်နေတာ။ ကဲ .. စပြီးရေးတော့မယ်။

ဒီလိုပါ။ ဟိုတလောက အွန်လိုင်းက သယ်ရင်း၁ယောက် (ဟို၁ခါ Dj အလုပ်ကောင်းလို. ခင်ခဲ့တာ) နဲ့ ချက်ဖြစ်တယ်။ Dj လုပ်ရတာ အဆင်မပြေဘူးဘာညာပေါ့။ အော် .. မီးမလည်း မီးမကိစ္စမဟုတ် (အဲ့ကောင်ကြီးနဲ့ကို မပတ်သက်ချင်တာ)။ ပြောတော့ပြောပြပါတယ်။ သယ်ရင်း သေးသေး လေးကို( မီးမထက်ငယ်တာကိုး)။ ဒါတွေကို ဆိုဒ်၁ခုမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်လို့။ ပြီးတော့ မီးမတို့က ကြိုမြင်ပြီးသားပါ။ ဘယ်သူတွေ မီးမတို့လောက် သီးခံနိုင်မလဲဆိုတာ။ သယ်ရင်းလေးက ပြောတယ်။ အစက ကျွန်တော်က မမီး လွန်တယ် ထင်တာတဲ့။

ပြဿနာက ဒီလို .. Dj ဆိုတော့ လူပေါင်းစုံနဲ့ အဆင်ပြေအောင် နေရတယ်။ ဒါမှ နားထောင်သူတွေ ရှိမှာပေါ့နော်။ အီသင့်ရင် အီ ကျူသင့်ရင် ကျူ။ ကိုကို မောင် ချစ် အသည်းလေး ပိစိကွေးလေး .. ပူတူတူး အို .. ရှိရှိသမျှ အော်ဂလီဆန်တာတွေလည်း ဥပုသ်စောင့်သလို စောင့်ထိန်းလို့ မရဘူး။ ခေါ်သင့်ခေါ်ထိုက်တာ အကုန်ခေါ်ရတယ်လေ။

ဒီလိုနဲ့ Dj အချင်းချင်း ပြန်ငြိတဲ့ ပြဿနာပေါ့။ အနေနီးရင် ဘာဖြစ်တယ်ဆိုတာ သိတယ် ဟုတ် ? ကြိုးချင်းထား ကြိုးချင်းငြိ အိုးချင်းထား အိုးချင်းထိတဲ့။ ဒီတော့ ငြိသွားတာတော့ မဆန်းဘူးပေါ့နော်။ ဒါကလည်း ဖြစ်မှာပဲ။ အဲ့ဒိ admin ကိုယ်တိုင်က ဒါမျိုးတွေ အားပေးတယ်လေ။ မီးမပြောတဲ့ အီသင့်ရင် အီ ကျုသင့်ရင် ကျူဆိုတာကလည်း သူပြောပြတာပဲလေ။ (admin က အဲ့လို training & lecture ကောင်းတာ)။ ငြိတာ အရေးမကြီးဘူး။ ခက်တာက သူ့မှာ ကောင်မလေး ရှိနေတာ။ ဒါကတော့ ကောင်လေးအလွန်လည်းပါ ပါတယ်။ ဒါမျိုးလေးတွေလည်း ဖြစ်တတ်တယ်လေ။

နောက်ကျတော့ သူကောင်မလေးက ရိပ်မိပြီးတော့ ပြောတယ်။ နင် ဒီဆိုဒ်ကို ဖြတ်မလား ငါ့ကို ဖြတ်မလားတွေ ဖြစ်ကုန်ရော။ နင့်ကို ဒီဆိုဒ်က ပိုက်ဆံပေးထားလို.လား ဘာညာပေါ့။ ဒီတော့ ကောင်လေးကလည်း ကိုယ့်ရည်းစားကို ရွေးချယ်တာပေါ့။ ဒီလို ပြဿနာတွေ ဖြစ်လာတော့ ကောင်လေး မကောင်းဘူးတဲ့။ ချစ်လှစွာသော admin ကြီးက သူ. Djမလေး ဘက် နာလို့ပေါ့ စိတတွေဘာတွေဆိုး ။ ဒီတော့မှ ကောင်လေးက လာပြေတာ .. အစက မမီး ရဲ.ကောင်လေး နဲ. မမီး ဒီလိုဖြစ်တာကို ကျေးဇူးရှင် admin ကိုကို က ပြောပြတုန်းက မမီး အမှားလို့ ထင်တာတဲ့။ မမီးရဲ. ကောင်လေးကို ထိန်းတာ တင်းကြပ်လွန်းတယ်ပေါ့နော်။ အဲ့လောက်ကြီး မဖြစ်သင့်ဘူးလို့ ထင်ခဲ့တာတဲ့။ မီးမတုန်းကဆို အပြတ်ပြောတာ မီးမကောင်လေးကို .. နင်ရုတ်ရုတ် မလုပ်နဲ့ Dj လုပ်တာက Dj ပဲ။ ဇာတ်လမ်းတွေပါမလာနဲ့လို့။ ပါလာပြီး အထုတ်မဖြေနိုင်မှ လာမငိုပြနဲ.။ သာတယ်ဆို လိုက်သွား။ ငါ့ထက် ပိုပြီး တွယ်တာတယ်ဆို သွားလို့ (မသွားမှန်းသိလို့ရမ်းပြတာ လိုက်မလုပ်ကြနဲ့နော် သောက်ကျိုးနည်းမယ်)

အော် .. ပြောရင်း target လွဲသွားတယ်။ ဒီလိုနဲ.ပဲ ကောင်လေးစိတ်ကတိုတိုနဲ့ ရင်ဖွင့်သွားတာတော့ ဘဲကြီး မမိုက်ဘူးဗျာ .. ကောင်မလေးတွေဆို ပြောရင် အကုန်ကောင်းတယ် ကျွန်တော်တို့ သေအောင် လုပ်ပေးလည်း အကောင်းမမြင်ဘူးတဲ့။ မီးမလည်း စိတ်ဖြေပေးလိုက်ပါတယ်။ အော် ငါ့မောင်ရယ် ၁၀၀နဲ့ သာဖြေလို့။ မလောက်ရင်တော့ အစ်မ မတတ်နိုင်ဘူးကွယ်။ အစ်မ သိနေသားပဲ အမြဲ ဒီလိုဖြစ်နေအုန်းမှာပဲလို့။ နှာစိတ်ကို နှာနှင့်သာ ဖြေသည် လိင်တူသူများနှင့် အကျင့်ကွဲပြားသူများ ငါ့နဲ့ မကြည်တာ ဗွေမယူပါနှင့် ဆိုပြီး ဆိုဒ်အ၀င် ခေါင်းစီးစာတန်း လုပ်ပေးသင့်ပါနော်။ .. အော် .. တဏှာ တဏှာ ရည်းစားကြီး ရှိရက်နဲ့ အွန်လိုင်းမှာ တက်ကဲ .. အမြှောက်ကြိုက်မမ တွေကိုလည်း မြှောက် ကျူ ပင့် ကော် အော် .. သတိနှင့် နေကြပါ။

နောက်ဆုံး အနေနဲ. သဘာပတိ ပြောချင်တာတော့

online မှ မမများ

သဲညှာချစ်တုန်း

မင်းသာ အချစ်ဆုံး

အလှတုံး ဟု

မြှောက်ပင့် လိမ်ညာ

ခိုင်းစားနေသော

ထိုထို admin အား

ရှောင်ရှားပါရန်

တိုက်တွန်းနှိုးဆော်

အသိပေးသည်

နောက်နောင်မှသော်

နောင်တ မရစေချင်သတည်း။





0 comments: