

ချစ်သူသက်တမ်း ၄လပြည့်တဲ့။ ပုံမှန်နေ့လေးတွေလိုပါပဲလား။ မဟုတ်ဘူး။ အရင်နေ့တွေကမှ ငါ့ချစ်သူက ငါ့ကို အဖော်လုပ်ပေးသေးတယ်။ ခုရော ..
ကောင်လေးရေ .. ငါ့ကို သတိရောရသေးလား .. ဒီနေ.ရော ဘာနေ့လည်းဆိုတာ မှတ်မိရဲ.လား။
အခန်း၁ခုရဲ. ထောင့်၁နေရာမှာ နင့်ကို ကြိတ်ပြီးလွမ်းနေတဲ့ ငါ ရှိနေခြင်းကို ကျေးဇူးပြုပြီး respect လေးတော့ပေးပါဟာ။
အော် .. ဒါနဲ. ပြောအုန်းမယ် ကောင်လေးရယ်။ ငါတို့ ၄လပြည့် အထိမ်းအမှတ် နင့်ပို.ပေးလိုက်တဲ့ လက်ဆောင်တွေ ရတယ်သိလား။ ကျေးဇူးတင်တယ်ဟယ်။
နင့်ရဲ. ခဏတာရင်ခုန်မှုကို
လျှစ်လျူရှုခြင်း ဆိုတဲ့ ဗူး ထဲမှာ ထည့်ပြီး
အပေါ်ယံအချစ်ဆိုတဲ့ အလှစက္ကူလေးနဲ. ကပ်ထားတာ ..
သိပ်ပြီး သေသပ်လှပလွန်းလို.
ငါ ကြောင်ပြီး အကြာကြီး ငေးနေတာ
ဖွင့်ဖို.တောင် မေ့နေခဲ့သေးတာ။
အော် ...
နင့်ရဲ.ပစ်ပယ်မှု အလှ card လေးလည်းလေ ..
လက်ရာ အရမ်းမြောက်လွန်းတယ်ကွယ်...
အတ္တဆိုတဲ့ ချော့ကလက်လေးတွေရယ် ..
ငြီးငွေ.နေပြီဆိုတဲ့ ပန်းစည်းလေးရယ်
ငါ .. မစားရက် မနမ်းရက် ...
နှမြောတသသ ဖြစ်နေဆဲပါ။
နင့်ရဲ. လက်ဆောင်လေးတွေကို
ငါ .. ၁ဘ၀စာ ဆိုတဲ့ အရုပ်စဉ်လေးရဲ. အတွင်းက
တမ်းတသတိရခြင်းဆိုတဲ့ အကန်.လေးထဲမှာ
နေရာလေးပေးပြီး နေ.စဉ်ရက်ဆက်
ကြည့်မလို.မ၀ ငေးနေရဆဲပါ။
အလှ card လေးကိုတော့
ကြေကွဲဝမ်းနည်းခြင်းစာရေးစာပွဲပေါ်ပေါ့။
စာလုပ်တဲ့ အချိန်တိုင်း နင့်အနားမှာ ရှိသလိုခံစားရအောင်လို.။
ချော့ကလက်လေးတွေလေ .. အရသာ သိပ်ကောင်းလို.
တကိုက်လေး ကိုက်ပြီး
ခုထိ ငါ့နှလုံးသားထဲမှာ
ခါးသက်သက်အရသာလေး
ခုထိစွဲနေတာ ဒီ၁သက်ပျောက်တော့မယ့် မထင်တော့ဘူး။
သောကပန်းအိုးလေးထဲမှာ
နင်ပေးတဲ့ ပန်းစည်းလေး ..
မနွမ်းသေးဘဲ ထိုးထိုးထောင်ထောင်နဲ.
ငါ နင့်ကို ရန်တွေ.တိုင်းကြည့်တဲ့
အကြည့်မျိုး မျက်စောင်းထိုးပြီး
ကလဲ့စားချေနေသေးတာ...
နင့်ရဲ. ၄လပြည့် လက်ဆောင်တွေ အတွက် ..
ကျေးဇူးတင်ပါတယ် ကောင်လေးရယ်။
0 comments:
Post a Comment