Monday, June 29, 2009

ရီရဘူးနော်။

(၁) ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်မြန်မာပြည်ရှိ သူတောင်းစားများ ၀င်ငွေ လျော့ကျလျှက်ရှိ၏။ ထို့အပြင်ဝင်ငွေချို့တဲ့မှုကြောင့် မွေးမြူရေးဝန်ကြီးမှာလည်း မွေးမြူထားသောရေသူမများအတွက် ဘလာစီယာများ လုံလုံလောက်လောက်မထောက်ပံ့နိုင်တော့ချေ။
(၂) ရူးပေါဂေဟာမှ အတင်းရေးမှူး(၁) ကြီးမှူးကျင်းပသောအာဆီယံအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာပြည်မှဂေါက်သီးရိုက်အားကစားသမား တစ်ချက်တည်း ကျင်းဝင်။ ၀င်သောကျင်းမှာဂေါက်ကွင်းအနီး အသစ်ဖောက်လုပ်နေသော ၅ပေပတ်လည် အိမ်သာကျင်းဖြစ်နေကြောင်းသိရ၏။
(၃) ကုလသမဂ္ဂအဖွဲ့ကိုယ်စားလှယ် မန်ဒါလီ (ကြက်ငှက်တုပ်ကွေးကင်းရှင်းကြောင်းဆေးစစ်ပြီးသူ) သည် ရူးပေါဂိုဏ်းသို့လာရောက်ကာ စားသောက်လည်ပတ်ပြီးသဘာပတိကြီးနှင့် အပေါပြိုင်မည်ဟု သတင်းရရှိသည်။(၄) ငှက္ကထနှင့်အဖွဲ့သည် ဂါဇာမြို့မှ စစ်ဒဏ်ခံဒဏ်ရာရပြည်သူများကိုလိုက်လံတွေ့စုံကာ လူသားချင်းစာနာထောက်ထားမှု အကူအညီအနေဖြင့်ပလာစတာ(၅)ခုကို ကံစမ်းမဲဖောက်ပေးခဲ့သည်။
(၅) ငပေါများဂေဟာမှ မွေး/ရေ ၀န်ကြီးသည် မြန်မာပြည်တွင်းကြက်ငှက်တုပ်ကွေးရောဂါကာကွယ်ရန် မွေးမြူရေးခြံများရှိ ကြက်၊ ဘဲများအားပါရာစီတမောနှင့် ပနဒေါလ်ဆေးလုံးများ တိုက်ကျွေးလျှက်ရှိသည်။
(၆) ငပေါများဂေဟာတွင်း မကြာခဏ လျှပ်စစ်မီးပြတ်တောက်ရခြင်းအကြောင်းရင်းမှာ မီးမလာခြင်းကြောင့်ဖြစ်သည်ဟု EPC (Existence forPeople's Complaints) ရုံးက ဖြေရှင်းပြောကြားခဲ့၏။

0 comments: