Thursday, August 27, 2009
Monday, August 10, 2009
life plan
မနေ့က ကျွန်တော်
ဘာတွေ လုပ်ခဲ့တယ်။
ဒီနေတော့ ..
ဒါတွေ လုပ်နေလေရဲ့။
အင်း ..
မနက်ဖြန်လား ..
ဟုတ်တယ် .. ရှိတယ်ဗျာ ..
ဘယ်သူနဲ့ ဘယ်သွားဖို့လေ ..
အော် ..
ဒီ၁ပတ်တော့ ..
busy sign လေးပြနေလို့ပါဗျာ။
Coming week days လား ..
ဟုတ်ပါရဲ့ ...
ဘယ် beach မှာ သူငယ်ချင်းတွေနဲ့
appointment ရှိတယ်လေ။
နောက်ပြီး သူတို့နဲ့
ဘယ် city ကို လိုက်သွားဖို့ plan ရှိတယ်။
ပြန်လာရင်ဗျာ ..
အလုပ် ပြန်တက်ရမယ်။
ending this month ကျရင်
summer holidays ending ဆိုတော့
ကျောင်းတော်ကြီးကို
အဖော်လုပ်ရတော့မှာပေါ့ ...
ပြီးတော့ ..
မပြီှးဆုံးနိုင်တဲ့
assignment & test တွေနဲ့
လုံးပန်းရအုန်းမယ်ဗျာ ..
စိတ်ပျက်တယ်။
အော် ..
ကောင်လေးရယ် ..
နင့်ရဲ့ အတိတ်မှာ
ငါ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ။
နင့်ရဲ့ လက်ရှိမှာလည်း
ငါဆိုတာ မရှိမှာတော့
နင့်ရဲ့ အနာဂါတ်အတွက်
ငါဟာ ဘာမှန်းတောင် မသိတဲ့
အမှိုက် ၁စပေါ့။
ဒါပေမယ့် .. ချစ်သူရယ်
နင့်ရဲ့ ဘ၀စာမျက်နှာတွေမှာ
ကံကြမ္မာအပြောင်းအလဲနဲ့
နောက်တိုးစာမျက်လေးမှာများ
ပြန်လည်ပါဝင်ခွင့်လေး
စာရွက်စုတ်လေး ၁စကိုင်ပြီး
မျှော်လင့်နေမိတယ်။
ဘာတွေ လုပ်ခဲ့တယ်။
ဒီနေတော့ ..
ဒါတွေ လုပ်နေလေရဲ့။
အင်း ..
မနက်ဖြန်လား ..
ဟုတ်တယ် .. ရှိတယ်ဗျာ ..
ဘယ်သူနဲ့ ဘယ်သွားဖို့လေ ..
အော် ..
ဒီ၁ပတ်တော့ ..
busy sign လေးပြနေလို့ပါဗျာ။
Coming week days လား ..
ဟုတ်ပါရဲ့ ...
ဘယ် beach မှာ သူငယ်ချင်းတွေနဲ့
appointment ရှိတယ်လေ။
နောက်ပြီး သူတို့နဲ့
ဘယ် city ကို လိုက်သွားဖို့ plan ရှိတယ်။
ပြန်လာရင်ဗျာ ..
အလုပ် ပြန်တက်ရမယ်။
ending this month ကျရင်
summer holidays ending ဆိုတော့
ကျောင်းတော်ကြီးကို
အဖော်လုပ်ရတော့မှာပေါ့ ...
ပြီးတော့ ..
မပြီှးဆုံးနိုင်တဲ့
assignment & test တွေနဲ့
လုံးပန်းရအုန်းမယ်ဗျာ ..
စိတ်ပျက်တယ်။
အော် ..
ကောင်လေးရယ် ..
နင့်ရဲ့ အတိတ်မှာ
ငါ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ။
နင့်ရဲ့ လက်ရှိမှာလည်း
ငါဆိုတာ မရှိမှာတော့
နင့်ရဲ့ အနာဂါတ်အတွက်
ငါဟာ ဘာမှန်းတောင် မသိတဲ့
အမှိုက် ၁စပေါ့။
ဒါပေမယ့် .. ချစ်သူရယ်
နင့်ရဲ့ ဘ၀စာမျက်နှာတွေမှာ
ကံကြမ္မာအပြောင်းအလဲနဲ့
နောက်တိုးစာမျက်လေးမှာများ
ပြန်လည်ပါဝင်ခွင့်လေး
စာရွက်စုတ်လေး ၁စကိုင်ပြီး
မျှော်လင့်နေမိတယ်။
Sunday, August 9, 2009
juz fun
ဆရာမ - ခြံစည်းပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို. တယောက် က သေနတ်နဲ့
တချက် ပစ်လိုက်ရင်။ ငှက်ဘယ်နှကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။
ဂျော်နီ - ဘယ်နှကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ့ အားလုံး
ထပျံကုန်မှာပါ။
ဆရာမ - အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ့် မင်းရဲ့ အတွေး
အခေါ်ကို ကြိုက်တယ်။
ဂျော်နီ - ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတခုမေးမယ်နော်။
ဆရာမ - အင်း မေး။
ဂျော်နီ - အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ
ရေခဲမုန့်ထိုင်စားနေကျတယ်။ ပထမတစ်ယောက် က ရေခဲမုန့် ကို ဘေးကနေ လျှာ နဲ.
လျှက်နေတယ်။ ဒုတိယ တစ်ယောက် ရေခဲမုန့်ကို အပေါ်က နေ အားရပါးရ စုပ် နေတယ်။
တတိယ တစ်ယောက် က ရေခဲမုန့်ကို ကိုက်စားနေတယ်။ ဘယ်တယောက်က အိမ်ထောင်သည်
လို့ထင်လဲ ဆရာမ။
ဆရာမ က ရှက်ရှက် နှင့်
ဆရာမ - အပေါ်က နေ အားရပါးရ စုပ် နေတဲ့ သူက အိမ်ထောင်သည် ပေါ့ကွယ်။
ဂျော်နီ - မှားတယ်ဆရာမ ၊ သူတို့ထဲ က လက်ထပ် လက်စွပ်ရှိတဲ့သူ က
အိမ်ထောင်သည် ပါ။ ဒါပေမယ့် ကျွန်တော်လည်း ဆရာမ အတွေးအခေါ်ကို သဘောကျပါတယ်။
/
/
/
အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ့ရဲ့ small လေး ဆီကို
အလည်သွားပါတယ်။ သူ့ရဲ့ small လေးကလဲ သူ့ကိုတွေ့တိုင်း
Small လေး xx "ရှင့်ရဲ့ ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။
ဒါမှရှင်ရဲ့ အင်မတန် ခန့်ညားတဲ့ ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး
ခံစားလို့ရမှာ"
အမျိုးသား xx "ငါ့အိမ်က အဖွားကြီးက အဲ့ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ့သာ
အဲ့ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ့ဝေးပြီ။"
Small လေး xx "တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန့်အဟွန့်"
Small လေး ရဲ့ အချွဲကောင်းမူကြောင့် ထိုအမျိုးသားလဲ သူ့ရဲ.့ပသိုင်းမွေး
ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ့မယားကြီး ခုတင်ပေါ်ကို
တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး
လှည့်မကြည့်ပဲ သူ့ ရဲ့ မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ ပြောလိုက်ပုံက
"အမလေး ၊ ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော့မှာနော်"
/
/
/
ရဲ ၀န်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူ
အလုပ်စော ပြီး တာနဲ့ အိမ်ကို ခါတိုင်းထက် ၄နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်း ဟာ သူ့မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင့်
မီးမဖွင့်တော့ပဲအမှောင်ထဲမှာ တင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး
ကိုယ်လုံး ဗလာဖြင့် ခုတင်ပေါ် တက်လိုက်ပါတယ်။
ဒီအခါမှာ သူ့မိန်းမ က အလန့်တကြားနှင့်
မိန်းမ - "ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော့မယ် ။ ဟို ၂၄ နာရီဖွင့်တဲ့
ဆေးဆိုင်က ခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်"
ရဲဝန်ထမ်း - "၀ယ်ပေးရမှာပေါ့ မိန်းမရယ်၊ ခဏလေးစောင့်နော်"
လို့ ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော့တယ်။
ဆေးဆိုင်ရောက်တော. အရောင်းဝန်ထမ်းက အံ့သြစွာဖြင့်
အရောင်းဝန်ထမ်း - "ခင်ဗျား က ဟိုဘက်မြို့နယ် က ရဲမဟုတ်လား"
ရဲဝန်ထမ်း - "ဟုတ်တယ်လေ ဘာလို့လဲ"
အရောင်းဝန်ထမ်း - "ဒါဆို ခင်ဗျားက ဘာလို့ မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ"
ရဲဝန်ထမ်း - "ဟေ
/
/
/
ဘာဖြစ်လို့လဲ သားရဲ့
သား - "မေမေ၊ ကနေ့သား ဖေဖေ နဲ့ ဘစ်စ်ကား စီးနေတုန်း ဖေဖေ က သား ထိုင်နေ
တဲ့နေရာကို ဖယ်ခိုင်းပြီး အန်တီကြီး တစ်ယောက်ကို ပေးထိုင်တယ်မေမေရဲ့"
အမေ - "အော် သားရယ်၊ ဒါ ကုသိုလ် ရတဲ့ အလုပ်ပဲလေ ဘာဖြစ်လို.လဲ သားရဲ့"
သား - "သား က ဖေဖေ့ ပေါင်ပေါ်မှာ ထိုင်နေတာနော်၊မေမေ"
/
/
/
မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ့တိုင်း
ရုံးတက်တဲ့အိတ်ထဲထည့်ထည့်ထားတယ်။ ဘာလို့လဲ။
လင် - သြော် ဘယ်လောက် ကြီးမားတဲ့ အခက်ခဲ ကြုံရ ပါစေ
မင်းဓါတ်ပုံကိုကြည့်လိုက်တာနဲ့ အားလုံးကို ကျော်လွားနိုင်ခဲ့တယ်။
မယား - ကြည့်စမ်း၊ ကျွန်မ ဟာ ရှင့်အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။
လင် - မဟုတ်ပါဘူးကွာ ၊ မင်းဓါတ်ပုံကို ကြည့်ပြီး ငါ့ကိုယ်ငါ ပြန်မေးကြည့်တယ်
"ဒီထက်ဆိုးတဲ. အခက်အခဲ ဘာရှိနိုင်ဦးမှာလဲလို့"
/
/
/
သိပ်ကောင်းသောအရာ
ရထားပေါ်တွင်ဖြစ်သည်။
ကက်လစ်ဘုန်းကြီးနှင့် ဂျူးဘာသာရေးတရားဟောဆရာတို့ တစ်ခန်းထဲ ထိုင်လာကြသည်။
ကသလစ်ဘုန်းကြီးက ဂျူးဘာသာရေး
တရားဟောဆရာကို ပြောသည်။
"ကျနော့်မှာ ၀က်ပေါခြောက် ပါတယ်၊ စားပါဦးလား"
"ကျနော်တို့ ဘာသာရေးက ၀က်သားမစားရလို့ တားမြစ်ထားပါတယ်"
"အင်း၊ ၀မ်းနည်းစရာပဲ၊ သိပ်အရသာရှိတာဗျ"
ဘူတာသို့ ရောက်သောအခါ ဂျူးဘာသာရေးတရားဟောဆရာက မဆင်းခင်
ကက်သလစ်ဘုန်းကြီးကို ပြောသည်။
"ဖာသာရဲ့ ဇနီးကို ဦးညွတ်တယ်လို့ ပြောပေးပါ။"
"ကျနော့်မှာ ဇနီးမရှိဘူး၊ ကျနော်တို့ဘာသာရေးက ကျနော်တို့ကို မိန်းမ
မယူရဘူးလို့ တားမြစ်တယ်။"
"ဟုတ်လား ၊ ၀မ်းနည်းစရာပဲဗျာ၊ ကျေနပ်စရာ သိပ်ကောင်းတာဗျ။"
/
/
/
n: လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်-
အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွားလိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်...
လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ

Wednesday, August 5, 2009
for my truely friend mi the`'s birthday wish (5th August'1986)
for my truely friend စုစုအောင် အတွက် birthday card (29th july'1986)
Tuesday, August 4, 2009
ယနေ့ခေတ်ပညာရေး

ရွာစဉ်ထိုထို တက္ကသိုလ်
မြင်မြင်သမျှ ပါမောက္ခ
တွေ့သမျှလူ ပါရဂူ
B.A ဘွဲ့များ ဈေးရောင်းစား
B.Sc ဆင်း Marketing
B.C.Sc အလုပ်ရှားသည်
B.C.Tech များ လတ်လျားလျား
M.C ဆင်းများ Chatting သွား
B.E ပြီးကာ Workshop မှာ
တတ်နိုင်သူများ S'pore သွား
ထို့ကြောင့် သားငယ်
ပညာခေတ်ဝယ်
ဘွဲ့ရသည်မှာ
မရှိမကောင်း ရှိလည်းကောင်းဟု
ပညာရှိများ ဆိုစကားကို
ဆုံးမနာယူ မှတ်လေလော့ ။
;D
တစ်ခါက လင်မယားနှစ်ယောက် စကားအချေအတင်ပြောကြသတဲ့။ အဲ ယောက်ျား ဖြစ်သူက computer crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက် အလေးမထားဘူးဆိုပြီး စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး ဖြစ်ပါတယ်။
ကဲ... သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။
မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။ ။ Set Default
မိန်းမ။ ။ ကျွန်မကို crazy အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။
ယောက်ျား။ ။ Bad command or file name
မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။ ဒီကွန်ပျူတာ ရှေ့မှာပဲ အချိန်ဖြုန်းနေတာပဲ။ ဒါပဲနော် နောက်တစ်ပတ်ကျရင် ရုပ်ရှင်သွားကြည့် ကြမယ်။
ယောက်ျား။ ။ Drive not ready
မိန်းမ။ ။ ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ ထမင်း အတူတူစားတော့ ပိုစားဝင်တာပေါ့။
ယောက်ျား။ ။ Access denied
မိန်းမ။ ။ ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက် အလျှော့ ပေးရမလားဆိုပြီး ကျွန်မကို ဆူနေပြီ။
ယောက်ျား။ ။ Divide Over Flow
မိန်းမ။ ။ ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက် ရှိပြီလဲဆိုတာ။
ယောက်ျား။ ။ Not enough memory
မိန်းမ။ ။ ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့ နည်းလမ်း တွေသင်ပေးဖို့ ကျွန်မတို့အိမ်ကို ၂ လ ၃ လ လောက် လာနေမယ်တဲ့။
ယောက်ျား။ ။ Insufficient disk space
အဲဒီအချိန်မှာ မိန်းမက အရမ်းစိတ်ဆိုးသွားပြီး အနားမှာရှိတဲ့ ပန်းကန်နဲ့ ယောက်ျားကို လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။
ဒီအချိန်မှာ ယောက်ျားက Now Save to turn off your computer လို့ အားရပါးရအော်ပြီး လဲကျသွားပါလေတော့သည်။
Grand ပုလင်းမှဆရာကြီးနာမည်ကြီးသဖြင့်မြ၀တီမှလာရောက်မေးမြန်းလေရာ.....
" grand ပုလင်းဆရာကြီးခင်ဗျာ.....NTFS အကြောင်းလေးပြောပြပါခင်ဗျား..."
" အန်တီအက်ဖက်လား.....ငါ့ငယ်ရည်းစားပေါ့...ခုတော့သူဋ္ဌေးကြီးတစ်ယောက်နဲ့အိမ်ထောင်ကျလို့အေးဆေးဖြစ်သွားပြီ................."
" linux လည်းလူသိများလာတယ်နော်...."
" နောနော် လောက်တော့မဟုတ်သေးပါဘူး"
" Java ကိုရောဘယ်လို သုံးပါသလဲ...ခင်ဗျာ.."" ရေ နွေးထည့်..ဖျော်သောက်ရတယ်ကွ......ကြီးလာရင်ငါယူမလို့ချိန်ထားတဲ့ကောင်မလေးကြော်ငြာတာလေကွာ......."
" C+ ကိုရော....ဆရာကြီး...ဘယ်လိုမြင်ပါသလဲ...."" ဘယ်လိုမှမမြင်ဘူး.......သောက်လို့တော့ကောင်းတယ်...Grand ပုလင်းနဲ့ရောပြီး....ကိုင်လိုက်ရရင်တော့...ဟင်း.ရှလွတ်"
သင်အသဲကွဲနေပါသလား? ဒါဆိုအောက်ကစာလေးအတိုင်းလိုက်လုပ်ကြည့် ပါ
(၁)လူကိုအစာကျွေးပါ .မျက်စိကိုအစာကျွေးပါ
(၂)လေးနာရီနှင့် အထက်Chatting ထိုင်ပြီးပက်ပက်စက်စက်ကြူပါ ၊အညောင်းမိလျှင်မာဆက် သွားပါ
(၃)သီချင်းနားထောင်ပါ
(၄)Game ဆော့ ပါ
(၅)Online ကတစ်ယောက်ယောက်ကိုစချစ်ပါ(ps.ဓာက်ပုံ ကြည့် ပြီးမှချစ်ပါ..ကုလားကြီးအရာကြီးဖြစ်နေလျှင်ပိုးစိုးပက်စက်ကွဲနေသည့် အသဲဆောက်ကျိုးနဲသွားနိုင်သည
်(၆)အလုပ်ရှုပ်စေမဲ့ အရှုပ်တွေလုပ်ပါ
(၇)ကြူံတဲ့ လူနဲ့ ဖုန်းပြောပါပိန်းရွက်ပေါ်ပက်ကျိကျသလိုချွဲပစ်နေသောအသံဖြင့် သာပြောပါ
(၈)အရည်မရအဖက်အလုပ်ဆိုအခကြေးငွေမရသည့် တိုင်အားသွန်စိုက်လုပ်ပါ
(၉)တစ်ပြိုင်နက်တည်းရည်းစား4ယောက်လောက်ထားပါ
(၁၀)ဆံပင်colour ,style.type အားလုံးပြောင်းပါ တက်နိုင်သူများSex ပါပြောင်းပါ(
၁၁)သွားခဲ့ ဘူးသည့် နေရာများကိုနောက်ရည်းစားဖြင့် ထပ်သွားပါ တိုးခဲ့ဘူးသည့် ခြုံကိုရှင်းပစ်ချင်သည့် စိတ်ရှိလျှင်တောမီးရှို့ ပါ

Monday, August 3, 2009
၁ ကြိမ်အောင်မြင်ရင် ရပြီ

ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။
"တစ်ကြိမ်အောင်မြင်ရင် ရပြီ"
"တစ်ကြိမ်အောင်မြင်ရင် ရပြီ"
၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။
၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။
၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။
၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ သဘောင်္မကြာခဏ မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး... သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။
၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။
၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့ ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။
၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။
၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။
၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။
၎ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဆိုင်းပုဒ်တင်ချိန်မှာ စီးပွါးဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွါးခဲ့ရတယ်။
၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။
၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကို အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။
၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။
၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ပ်ရှယ်ယာ တစ်သောင်းပေးပြီး ဝယ်ယူတဲ့ စရိတ်အချို့ လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။
၈၃နှစ်အရွယ်မှာ (fast food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရတယ်။
၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။
သူကတော့ Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland David Sanders Colonel Sanders (September 9, 1890 – December 16, 1980)ပဲ ဖြစ်ပါတယ်။
"လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့ ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က ပြောခဲ့ပါတယ်။
PPost Before “read more”
And here is the rest of it
And here is the rest of it
Saturday, August 1, 2009
<\3

မကြားဟန်ဆောင်ရင်း .. နားလေးသွားတဲ့ လူ၁ယောက်လို ..
မချစ်ဟန်ဆောင်ရင်း .. မချစ်တတ်တော့တဲ့ အဖြစ်မျိုး .. ငါလွယ်လွယ်နဲ့ မရခဲ့ဘူး။
အချစ် ကို ဖိနပ်၁ရံ ချွတ်သလို ချွတ်ထားခဲ့ဖြစ်ဖို့နဲ့ ..
နှလုံးသား ကို အ၀တ်လျှော်သလို .. လျှော်ဖွပ် သန့်စင်လိုက်ဖို့ .. ငါမအောင်မြင်ခဲ့ဘူး။
မချစ်အောင် ကြိုးစားရင် ၁စ ၁စ ပို ပိုပြီး ချစ်ခဲ့တာလည်း အပြစ်မရှိပါဘူးနော်။ ရင်ခုန်သံကို .. အကျဉ်းချလို့မှ မရနိုင်တာဘဲ။ အကြည့်ချင်းဆုံရင် .. မျက်လွှာချတတ်တဲ့ မိန်းမအမျိုးအစားထဲမှာ .. ငါမပါဝင်တဲ့ အတွက် .. နင့်မျက်ဝန်းတွေမှာ ငါကျဆုံးခဲ့ပါတယ်။ အချိန်တိုင်းမဟုတ်တာတောင် နေ့၁နေ့ရဲ့ အချိန်၁ချို့တွေမှာ .. ဒီအချိန်ဆို .. မောင်` ဘာလုပ်နေလဲလို့ တွေးကြည့်ရုံနဲ့ .. နွေးထွေးသွားတတ်တာလည်း .. ရူးသွပ်မှု ၁ခုတော့ မဟုတ်ပါဘူး။ လူ၁ယောက်ရဲ့နှလုံးသားခံစားမှုဆိုတာ .. အဲ့ဒိနှလုံးသားကို ပိုင်ဆိုင်ဖူးသူမှသာ .. တိတိကျကျ နားလည်သိရှိနိုင်တာမျိုးပါ။ ဘယ်လိုပဲ စာတွေဖွဲ့ဖွဲ့ ကဗျာတွေ ရေးရေး .. ရင်ထဲက ခံစားချက်အမှန်ကိုတော့ .. မမီနိုင်ပါဘူး။ မောင့်ကို ချစ်မိတာ .. ဒီ၁ဘ၀စာမှ ဟုတ်ရဲ့လားလို့ .. သံသယရှိခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် .. ငါ့ဘ၀ရဲ့နောက်ဆုံးထွက်သက်ထိ .. မောင့်ကိုပဲ လေးလေးနက်နက် .. ချစ်နေမှာပါ။ ငါ့ရဲ့နောက်ဆုံးရင်ခုန်သံတွေကလည်း .. မောင့်အတွက်ပဲ ဖြစ်နေမှာပါ။