Thursday, July 23, 2009

online sex moive ကြည့်ချင်သူများ Online sex အကြောင်းပြောခြင်းများ


မီးမ ဒါတင်ထားလို့ Link ပေးမယ်တော့ မထင်ကြပါနဲ့ဗျိုး .. စိတ်တိုလွန်းလို့ ပြောရအုန်းမယ်။
ခုတလော (ကြာတော့ကြာပါပြီ) online မှာ sex moive ကြည့်ချင်လို့တို့ .. sex အကြောင်းပြောတာတွေ ကြုံရဆုံရတာတွေ ရှိနေတတ်ကြတယ်။ ခုဆို ပိုပြီးဆိုးရွားနေပါတယ်။
တလောကလည်း မီးမ သူငယ်ချင်း (ထိုင်ဝမ်ကပါပဲ) နဲ့ မီးမ Gtalk မှာ စကားပြောနေကြတုန်း နောက် သူငယ်ချင်း (ထိုင်ဝမ်ကပဲ သိပ်တော့မခင်ပါဘူး) သူက မီးမ သယ်ရင်းကို မေးပါတယ်။ online sex moive ကြည့်ချင်လို့ link လာတောင်းတော့ မီးမသယ်ရင်းက မသိဘူးလို့ ပြန်ပြောတဲ့အခါ သူများကို မေးပေးလို့ဆိုလာပြန်တယ်။ မီးမသယ်ရင်းလည်း သိချင် ကိုယ်တိုင် လိုက်မေးပေါ့ မင်းကြည့်ချင်တာ ငါကအရှက်ကွဲခံပြီး တောင်းပေးရအုန်းမယ်တဲ့။ နောက်တော့ မီးမသယ်ရင်းက သူ့ကို ကြပ်ချင်တာနဲ့ မင်းသိချင်ရင် မီး ကိုမေးလိုက်တဲ့ မီး online မှာရှိနေတာပဲတဲ့။
ဒါပေမယ့် လာတော့ မမေးပါဘူး။ မီးသယ်ရင်းက မီးအကြောင်းသိတယ်။ အဲ့လိုတွေ လာမေးရင် ဘယ်လို ပြောလွှတ်လည်းဆိုတာ။
ကြည့်တာ တော်ပါသေးတယ်။ ခုနောက်ပိုင်း ပိုဆိုးလာတာက online sex ကိစ္စလုပ်ခြင်းပါ။
ချစ်ညီအစ်မတွေရေ ...
Online မှာ sex ကိစ္စလုပ်တာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပါပဲ။ ပြီးတော့ ဒီလိုကိစ္စကို တလောကလုံးသိအောင် ဖွင့်ပြောနေတာနဲ့ တူတူပါပဲ။ က မိန်းကလေးတိုင်းကို မဆိုလိုပါဘူး။ တချို့တချို့သော ကောင်မလေးများ .. ဟုတ်ပါတယ်။ ချစ်သူတွေကြားမှာ ဖြစ်တတ်တာ မီးမ နားလည်ပါတယ်။ မီးမလည်း ခေတ်လူငယ်၁ယောက်ပါ။ သိသင့်သလောက်တော့ သိပါတယ်။ ဒါပေမယ့် ဒါအပြင်မှာ မဟုတ်ပါဘူး။
ကိုယ့်ချစ်သူက ဒါလေးပြပါ။ ဟိုဟာလေးပြပါနဲ့။ ပြရင်းနဲ့ စိတ်မထိန်းနိုင်လို့ပါဆိုတဲ့ ဆင်ခြေမပေးကြပါနဲ့။ ထိန်းနိုင်တဲ့ အသိရှိတုန်း စဉ်းစားကြပါ။ ဖြစ်သင့်လားဆိုတာ။
ကိုယ်ကတော့ အဟုတ်မှတ်။ online ပဲ မသိလောက်ပါဘူးဆိုပြီး လုပ်ချင်တာလုပ်ကြ။နောက်မှ ဘယ် web ပေါ်မှာ nick name ကြီးနဲ့ ပါလာ။ ဘယ် site မှာ ၀င်ချောင်းရင်း ဟယ် ငါတို့ အဖြစ်လေးအတိုင်းပဲ ဆိုပြီး ကြည့်မိကာမှ ကိုယ်ကိုယ်တိုင်ဖြစ်နေလို့ site admin ကို တိုးတိုးတိတ်တိတ်နဲ့ အဲ့ဒါလေး delete လုပ်ပေးပါဆိုပြီး မျက်နှာအောက်ချ အရှက်တကွဲနဲ့ ဖြစ်မယ်နော်။
ကိုယ်ကတော့ ကိုယ့်ချစ်သူကို ယုံ စုံလုံးကန်း နဲ့ ပြကြ ဖြစ်ချင်တိုင်းဖြစ်ကြ။ မှတ်ထားကြပါ။ ဘယ်ကျားမှ သတ်သတ်လွတ်မစားပါဘူး။ ဒီလိုဖြစ်ပြီးလို့ ကိုယ့်ကို တန်းတန်းစွဲမယ် မထင်ပါနဲ့။ စားပြီးနားမလည် ၀ါးပြီးမျိုချ တွေ တပုံကြီးပါ။ စားလို့ဝရင် အကြောင်းပြပြီး ဖြတ်သွားကြမှာချည်းပဲ။ ဖြတ်ရုံဆိုတော့ ကောင်းတာပေါ့။ နောက်မှ ဒီဆော် .. ငါနဲ့ ဖြစ်ဖူးတယ် မယုံရင် မင်းစမ်းကြည့်ဆိုပြီး သူငယ်ချင်းတွေကို မဖြန့်ရင်တောင် ရှိခိုးဦးချမတတ် ကျေးဇူးသာတင်လိုက်ဗျိုး။
မီးမသူငယ်ချင်းနဲ့တောင် ဒီအကြောင်းပြောဖူးသေးတာ ခုမှ သူပြောတာလေး အမှတ်ရတယ်။ အဲ့လောက်တောင် မနေနိုင်ဘဲ ရွနေကြလည်း ဟိုကားတွေ ကြည့်ပြီး လုပ်ပေါ့တဲ့။ ဘဲနဲ့လုပ်တာဆိုလည်း အပြင်မှာလည်း မဟုတ်ဘဲနဲ့ ကိုယ့်ဘာသာကိုယ်လုပ်ရတာကို ဘာလို့ လူသိအရှက်ကွဲခံနေရသလဲပေါ့နော်။
ဒါကြောင့် မြန်မာမိန်းကလေးများ .. သတိရှိကြပါ။ တချို့တချို့သော နှာဘူးများသည် ဘူးရုံမက အလွန်ယုတ်မာပြီး ပေါ်မှာ web တင်တတ်ကြပါသည်။ အညှာ မလွယ်မိကြပါစေနဲ့နော်။


မမတွေကိုပဲ ပြောလို့ ကိုကိုတွေ .. ရှင်တို့ လွတ်ပြီ မထင်နဲ့။ ပြောရဦးမယ်။ ရှင်တို့တွေက ကိုယ့်အလှည့်ကျတော့ ဟွန်. တင်လိုက်ကြတာ။ ဘယ်နိုင်ငံက ဘယ်ကောင်မလေး .. ဝေမျှနေလိုက်ကြတာ .. ဒင်းတို့ ဖြစ်ပျက်နေတာတွေကျတော့ ကြောက်တတ်သား .. တင်ထားတဲ့ admin ကို တိုးတိုးတိတ်တိတ်နဲ. ညီရေ .. ဒါကြီး ဖျက်ပေးပါဗျာ .. ကိုယ့်အပြင်ကကောင်မလေးတို့ .. တခြားလူတို့ သိသွားရင် ကွိုင်တက်မှာကွာ .. လုပ်ပေးစမ်းပါ ဆိုတာမျိုး ..
အားနာကြပါ။ ရှင်တို့ကျတော့ ကောင်မလေးတွေကို နှမချင်းမှ မစာနာ တင်ရက်ကြတယ်။ ကိုယ်ကျတော့ ပေါ်မှာ ရှက်တတ်ကြသေးတယ်။ ရှင်တို့တွေ ယောက်ျားမှ ဟုတ်ရဲ့လား။ လုပ်ရဲရင် ခံရဲကြရမှာပေါ့။ ဘယ့်နှယ့်
ကိုယ့်ကိုယ်ကိုယ်တော့ သိတတ်တယ်။
ကိုယ့်ဘက်ကိုယ်ယက်ကြတဲ့ လိပ်မျိုးတွေ
့ပြီးတော့ .. ကိုယ့်မှာ နှမတွေ အစ်မတွေ မရှိရင်တောင် စာနာကြပါ။ သနားကြပါ။ ရှင်တို့ဖြစ်ချင်တဲ့ ဆန္ဒကို လိုက်ရောပြီးရင် ကျေနပ်ကြပေါ့။ နှမတွေ အစ်မတွေ မရှိတောင် .. အဲ့လို ကြပ်ကြပ်လုပ် ရှင်တို့ယူတဲ့ မိန်းမတွေကျမှ ထိလိမ့်မယ်။ ပြီးတော့ ... ဘုရားသာ တ ကြပေတော့။ ကိုယ့်အလှည့်ကျ မနွဲ့စတမ်းပေါ့နော့။ ကိုယ့်ယူတဲ့ မိန်းမ webပေါ်မှာ ခိုးရိုက်ထားတဲ့ site တို့မှာ ပါမလာမိပါစေနဲ့နော်။
ပြီးတော့ ၂ဦး၂ဖက်လုံးကို ပြောရဦးမယ်။ ကိုယ်ကတော့ အရှက်မရှိ ကိုယ့်ဘာသာကိုယ် ဖြစ်ချင်တိုင်းဖြစ်တာကို အရိုက်ခံ web ပေါ်တင်ခံ ... ကိုယ့်မိဘတွေ အသိုင်းအ၀ိုင်းတွေကိုလည်း နည်းနည်းလောက် စဉ်းစားပေးနိုင်ကြပါစေ။


P.S. Gtalk နှင့် Yahoo တို့မှာ Online SeX Movie တောင်းခြင်း & Online Sex အကြောင်းပြောခြင်းများ သည်းခံပါ။ မီးအိမ်ရှင်သည် ဘုရား မဟုတ် နတ်မဟုတ် အငွေ့မစား အတွေ့သာစားမည်။

1 comments:

Romanticghetto™ said...

ဟုတ်ပ တော်တော်ဆိုးတဲ့ယောက်ကျားတွေ
အနော်တော့မပါဝူးနော်