Friday, March 4, 2011

ချဉ်ချဉ်စပ်စပ် ခရမ်းချဉ်သီး ငါးပိချက်၁ခွက်


ကဲ အန်တီတို့
သားကြီး ငါးကြီးချည်းပဲ စားနေတာ မငြီးငွေ့ဘူးလား ... တခါတလေလည်း ကျန်းမာရေး သင့်လျော် .. အကုန်အကျ လည်း မကြီးတဲ့ ခရမ်းချဉ်သီးငပိချက် လေး စားလိုက်ကြရအောင်။
ခရမ်းချဉ်သီး ငပိချက် ချက်ကြမယ်ဆိုရင်တော့
ခရမ်းချဉ်သီး = ၆လုံး
ငပိ = ထမင်းစားဇွန်း ၁ဇွန်းနှင့် ၁ဝက်
ငံပြာရည် = ထမင်းစားဇွန်း ၂ဇွန်း
ဟင်းအရသာမှုန့် = လ္ဘက်ရည်ဇွန်း ၃ ဇွန်း
ကြက်သွန်နီ = ၁လုံး ( ကလေးခေါင်းလောက် ရှိတာ သိတယ် ဟုတ် ဟိ)
ငရုတ်သီးစိမ်း = ၃တောင့်
ဆနွင်းမှုန့် = လ္ဘက်ရည်ဇွန်း ၁ဇွန်း
ငရုတ်သီးမှုန့် = ထမင်းစားဇွန်း ၂ ဇွန်း
နံနံပင် = အနည်းငယ်
သံပုရာသီး = ၁လုံး ( အရည်ညှစ်)
အရင်ဆုံး ခရမ်းချဉ်သီးတွေကို ရေစင်စင်ဆေးပြီး အတုံး သေးသေးလေးတွေ လှီးပါ။ ပြီးရင် ကြက်သွန်နီအခွံခွါပြီး ခရမ်းချဉ်သီးနှင့်အရွယ်တူ လေးတွေ လှီးပါ။ ပြီးရင် နံနံပင် ကိုရေစင်အောင်ဆေးပြီး အနေတော် လက် တဆစ်အရွယ် ဖြတ်ပါ။ ငရုတ်သီးကိုလည်း ခပ်စိတ်စိတ်လှီးပါ။ ဒါပြီးရင် ငပိကို ရေနွေးနဲ့ အရည်ပစ်ပစ်လေး ဖြစ်အောင် ဖျော်ဖို့ မမေ့နဲ့နော်။
ပြင်ဆင်ပြီးပြီဆိုရင် ကြက်သွန်နီ ဆီသတ်မယ်။ ပြီးရင် ဆနွင်းမှုန့် ငရုတ်သီးမှုန့်ရယ် ငံပြာရည် ဟင်းအရသာမှုန့် စသည်တို့ကို ရောပြီး ဆီသတ်ပါ။ ကြက်သွန်နီ အနည်းငယ် ညှိုးသွားပြီဆို ငပိရည်ဖျော်လေး ထည့်ပါ။ ပြီးလျှင် လှီးထားတဲ့ ခရမ်းချဉ်သီးကို ထည့်ပြီး မွှေပါ။ ခရမ်းချဉ်သီး ညှိုးလာလျှင် သံပုရာသီး အရည်ညှစ်ထားတာလေး ထည့်ပါ။ အနေတော်နဲ့ နူးသွားပြီဆိုလျှင်မီးပိတ် ပြီး နံနံပင် လေးအုပ်လိုက်ပါ။ အဖုံးလေး ခဏ အုပ်ထားပြီး ၅မိနစ်လောက်ဆို လှလှပပပြင်ဆင်ပြီး အသင့်စားသုံးနိုင်ပါပြီရှင်။
ဒီလိုဆိုတော့ ခံတွင်းတွေ့ ချဉ်ချဉ်စပ်စပ် ငါးပိချက်လေး ၁ခွက် ရပါပြီရှင်။

0 comments: