Monday, July 27, 2009

လွန်လွန်းတယ် သောက်တင်းနဲ့ ထိုင်ဝမ်ရောက် မြန်မာများရယ်

~~ And so we talked all night about the rest of our lives Where we're gonna be when we turn 25 I keep thinking times will never change Keep on thinking things will always be the same But when we leave this year we won't be coming back No more hanging out cause we're on a different track ~~


အားပါး .. အလုပ်ပိတ်ရက် အိပ်ကောင်းနေတုန်းဆို ဖုန်းက လာပြီ။ စောစောစီးစီး ဘယ်သူပါလိမ့် ဆိုတဲ့ အတွေးနဲ့အတူ ဖုန်းကို အမြန်ကိုင်မိတယ်။ မနက် ၉နာရီတောင်ရှိနေပြီပဲ ဆိုတဲ့ အသိ .. ဘယ်ကဖုန်းလဲ .. သူငယ်ချင်းတွေထဲကပဲနေမယ်။



ဖုန်း ring tone ကို အမျိုးအစားခွဲပြီး set up ထားလို့ vitamin C friends forever ( Graduation) သီချင်းသံကြားတဲ့ အခါ သူငယ်ချင်းထဲကမှန်းသိလိုက်တယ်။ .. အိပ်မှုန်စုံမွှားနဲ့



" 喂 " ...



မီး .. အိပ်နေတုန်းလား .. ဆိုတဲ့ အသံကြားတော့ မီး အလုပ်မှာ ခင်တဲ့ မီးသယ်ရင်း ၁ယောက် ဖြစ်နေတယ်။ အသက်တူ အရွယ်တူဆိုတော့ ပိုပြီးလည်း ခင်မိတယ်လေ။




သြော် ... ဟုတ် .. ရတယ် နိုးပြီ ဆိုတော့ နိုးပြီထင်ပြီး ဆက်လိုက်တာတဲ့ .. မီးမက အော် .. ဟုတ် .. ရတယ် နိုးပြီဆိုတာနဲ့ ဟိုအကြောင်း ဒီအကြောင်းလေးပြော (အတင်းမဟုတ်ပါ)။ ခုဆို ထိုင်ဝမ်နေ အင်မတန် ပူလှပါတယ်။ အရေပြားထိခိုက်လွယ်တယ် ဆိုပါတော့။ ဒီတော့ မိန်ကလေးများဆိုတဲ့ အတိုင်း Avon ပြောင်းလိမ်းရင် ကောင်းမလားတို့ SKII ရော ဆိုတာလေး Shisedo suncare ကျတော့ရောဆိုတာနဲ့ Shisedo တော့ မီးမကြိုက်ဘူး အသက်ကြီးတဲ့သူတွေ လိမ်းတာများသလားလို့ဆိုပြီး ပြောဖြစ်ကြတယ်။ Lancôme တော့ မဆိုးဘူးပေါ့။ ဒါပေမယ့်ဈေးကြီးလွန်းတော့ ၀ယ်ပြီး သိပ်မသုံးရက်ဘူးဆိုတော့ ရီဖြစ်ကြသေး။


အဲ့လို ဟိုပြောဒီပြောရင်းနဲ့ မီးတောင် အောက်မဆင်းလာတာကြာပြီ ဘာညာပေါ့နော်။ အလုပ်က ၁တိုက်တည်းပေမယ့် အထပ်မတူတော့ မတွေ့ဖြစ်ဘူး။ နောက်တော့ အလုပ်အကြောင်းရောက်သွားတယ်ဆိုပါတော့။ (ပြောချင်တဲ့ ဇာတ်လမ်းက ခုမှစမှာ)။


သြော် .. မီးလည်း အောက်မရောက် ဖြစ်တော့ ဟိုအစ်မတို့ရော တွေ့ဖြစ်လား ဘာညာပေါ့နော်။ မေးတော့ မီးရယ် .. သတိတရ မေးနေသေးတယ်။ ဟိုက ကိုယ့်ကို အကောင်းပြောတာမဟုတ်ဘူးတဲ့ ကွယ်ရာမှာ မဟုတ်မဟပ် အတင်းတွေ ပြောထားတယ်ဆိုတော့ မီး စိတ်ဝင်စားသွားတယ်။ ဟုတ်တယ်လေ။ ကိုယ့်မကောင်းကြောင်း ဘာတွေ အပြောခံရလဲပေါ့နော်။ မီးရေ .. မီးစိတ်နဲ့ဆို အဲ့၁ယောက်ကို သွားပြီး အစ်မဘာညာဆိုပြီး ဒေါကန်ပြီး ရန်တွေ့မှတဲ့။ မိန်း လည်း အစက အဲ့လို သွားပြောပစ်ချင်တာ။ လာပြောပြတဲ့ အန်တီကို အားနာလို့။ ကြားက သူမကောင်းဘူးဖြစ်မယ်လေ။



ပြောပုံက ဒီလို။


မီးမတို့အရင်က အလုပ်ကို ညဆိုင်း ဆင်းတာပါ။ မီးမပြောဖူးပါတယ်။ မီးမ အစက ၁ထပ်မှာ အလုပ်လုပ်ရတာ။နောက်တော့ ၄ထပ်က engineers' assistance လိုတယ်။ 妹妹 စိတ်ဝင်စားလား ဆိုပြီး ၁ထပ်က engineer ၁ယောက်ကလာမေးတော့ ဟုတ် ဆိုပြီး ဖုန်းနံပါတ်နဲ့နာမည်ပေးပြီး interview လုပ် ၁ပတ် အတွင်း အပေါ်ထပ်ကို ပြောင်းသွားပါတယ်။ နောက်တော့ မီးတို့ အလုပ်လုပ်နေတဲ့ Line က ဖြုတ်တော့မယ်ဆိုတဲ့ သတင်းကတော့ ကြားကြားနေရတာပေါ့နော်။ မီးအပေါ်တက်ပြီး ၁လလောက်နေတော့ အောက်ထပ်က အဲ့လိုင်းဖြုတ်လိုက်ပြီကြားရော။ အဲ့မှာ တချို့ ၀န်ထမ်းတွေကို မနက်ပိုင်းအလုပ်ကို ပြောင်းပေးပါတယ်။ အထက်လူကြီးတွေ ကြိုက်တဲ့ တော်တဲ့ သူတွေပေါ့။ ဒါနဲ့ မီးသယ်ရင်းလေး မနက်ကို ရောက်လာတယ်ဆိုပါတော့။ ကြားဖြတ်ပြောပါရစေ။



အဲ့ဒိ ၁ထပ်က မနက်ပိုင်းမှာ အရင် မီးတို့ ညဆိုင်းမှာ အလုပ်တက်သွားတဲ့ အစ်မ ၁ယောက်ရှိတယ်။ မြန်မာလူမျိုး စစ်စစ်ပါ။ တရုတ်လို သိပ်မတတ်လို့တဲ့ မီးနဲ့ ၁ရက်တည်း အလုပ်ဝင်တုန်းက သူ့ယောက်ျားက ခေါ်သွားပေးပါတဲ့။ မတတ်လို့ဘဲ တော် တော့ တယ် .. တတ်များတတ်ရင် မီးမတို့ တရုတ်မတွေ ရောင်းစားခံရမယ်။ လူမျိုးခွဲပြီးပြောတာ မဟုတ်ပါဘူး။ မတတ်ဘဲတောင် အတင်းပြောနိုင်တာ တော်လွန်းလို့ ချီးကျွေး အဲ့ .. ချီးကျူးတာပါ။

ဘာလို့ ဒီလိုပြောသလဲဆို .. မီးမတို့ အရင် ညဆိုင်းမှာ အလုပ်ဝင်ခါစက manufacturing line ဆိုတော့ ကိုယ့်နေရာနဲ့ ကိုယ်ပေါ့နော်။ ဒီတော့ ကိုယ့်နေရာရဲ့ဘေးမှာ အလုပ်လုပ်တဲ့သူဆို နေ့တိုင်း ဘေးချင်းကပ်ထိုင်တဲ့အခါ ရင်းနှီးလာတာပေါ့နော်။ ဖြစ်ချင်တော့ မီးဘေးမှာက မီးနဲ့ ရွယ်တူ Taiwanese ကောင်လေးပေါ့။ ပြီးတော့ နောက်၁ဖက်မှာက မြန်မာပြည်ကပဲ အန်တီ ၁ယောက် (အဲ့အန်တီက သဘောသိပ်ကောင်းတာ မီးကို အကုန်သေချာသင်ပေးတယ်)။ မီးတို့ အလုပ်က ညဆိုင်းဆိုတော့ အိပ်ချင်တတ်ကြတယ်။ ဒီတော့ အဲ့ကောင်လေးက ပြောတယ် .. ဟယ် 妺妺 ငါတို့ဒီတိုင်းဆို အိပ်ပျော်သွားမှာတဲ့။ စကားလေးဘာလေးပြောပေါ့နော်။ ဒီလိုနဲ့ ရင်းနှီးပြီး စကားတွေပြော စနောက်ပေါ့နော်။ ဒါမှ မငိုက်မှလေ။


ဒီလိုနဲ့ နားချိန်ရောက်တော့ အဲ့ဒိအစ်မက မီးကို လာရှာတာပေါ့နော်။ပြီးတော့ မြန်မာပြန် ကောင်မလေးတွေ အသစ်ဆိုတော့ ပြေးကြည့်မှ ဒီလူနဲ့ ဒီလူပဲ ရှိတာကိုး ရှာကြ တူတူမုန့်စားပေါ့နော်။ နားချိန် မီးဘေးက ကောင်လေးကိုတွေ့တော့ နှုတ်ဆက်တာပေါ့နော်။ အဲ့ဒါကို ဘာပြောလဲဆိုတော့ မီးမီး နင်အဲ့လိုကောင်လေးတွေကို သွားမရောနဲ့တဲ့ (နှုတ်တောင် မဆက်ရဘူးလား) စက်ရုံဆိုတာ လူပေါင်းစုံကြည့်နေတာတဲ့ နင့်အကြောင်းပြောကြလိမ့်မယ်ဆိုပဲ။ (သူကိုယ်တိုင်ပြောမှာလေ)။ မီးကလည်း အော် အစ်မရယ် ကိုယ်က line ပေါ်ရောက်သွားတော့ ပြန်တွေ့တာ နင်က ဘာလဲ ငါ့ကို အပြင်မှာကျ အဖတ်တောင် မလုပ်ဘူးဆို မကောင်းဘူးလို့ ရိုးရိုးနှုတ်ဆက်တာတော့ မလွန်ပါဘူးလို့။နောက်ကျတော့ အားလားလား သူကျတော့ အိမ်ထောင်သည် မိန်းမ၁ယောက်က အလုပ်က အသက် ၁၉ ၂၀ ကောင်လေးတွေ (taiwanese)လေးတွေနဲ့ တဟီးဟီးတဟားဟား။ မီးမနှုတ်ဆက်တာကို ပြောတာကျ ရစရာမရှိ။ နောက်ထပ်လည်း ပြောလာရော မီးမ ပြောပစ်လိုက်တယ်။ ရိုးရိုးနှုတ်ဆက်တာနဲ့ ဟီလာတိုက်တာမျိုး လူတွေ ခွဲခြားတတ်ပါတယ်ဆိုပြီး ( အဲ့မိန်းမကြီး တော်တော် အီသွားတယ်)။ စကားမတတ်လို့ဘဲနော်။ (ဒါကြောင့် ဒီင်္မှာပြောကြတာ ရိုးရိုး အပျိုအရွယ် ကောင်မလေးတွေထက်စာရင် အိမ်ထောင်သည်တွေက ပိုသွက်တယ်တဲ့ သူတို့က ယောက်ျားနဲ့ အနေနီးတော့ ပိုမြူဆွယ်တတ်တာလေ) အိမ်ထောင်သည်တိုင်းကို စော်ကားတာ မဟုတ်ပါဘူး။ ကိုယ့်ယောက်ျားမှာ အားမနာ အပြင်မှ ဖြစ်ချင်တိုင်း ဖြစ်နေတာ။

ကြွားတာကလည်း ရစရာ မရှိ။ မျက်နှာမှာ ဘာမှ မလိမ်းလာဘဲနဲ့များ ငါတို့က Avonတို့ Shisedo တို့မှ သုံးတာဘာညာ .. အနည်းဆုံးလိမ်းထားရင် အနားကပ်တဲ့အခါ ကိုယ်လိမ်းထားတဲ့ lotion အနံ့လေးတော့ ရတတ်တယ်လေ။ ဘာအနံ့မှ မရှိဘဲ လိမ်သေးတာ။ ၀ မရှိဘဲ ၀ိလုပ်ချင်တွေ။

အော် ... ခု၁ခေါက်ကျတော့ သူက မီးမနဲ့ မီးမသယ်ရင်းကို ဘယ်လိုပြောလဲဆိုတော့ မီး တို့ ဒီလို ဖြစ်လာတာ သူများကို မြူဆွယ်ပြီး ဖြစ်လာတာတဲ့။ မီးက အပေါ်(၄ထပ် မီး လက်ရှိအလုပ်လုပ်နေတဲ့နေရာ) က engineer နဲ့ ကြိုက်နေတာတဲ့။ အီစီကလီမို့လို့ သူ့ဘဲက နေရာကောင်းကောင်းရအောင် ခေါ်သွားတာတဲ့။ပြီးတော့ မီးသယ်ရင်းလေးကျတော့ ယော်ကျားလေးတွေကို မြူဆွယ်တယ်။ ပြီးတော့ လိုင်းဖြုတ်ခံရတောင် အကပ်နဲ့ နေ့ဆိုင်းကို ရောက်အောင် လုပ်တယ်ဆိုပြီး taiwanese တွေရော မြန်မာတွေကိုရော သိသမျှလူတွေကို လိုက်ဖွပါတယ်။ အဲ့ဒါနဲ့ မီးတို့ကို ပြောပြတဲ့ အန်တီကပြောပါတယ်။ မဟုတ်တာ မပြောပါနဲ့။ကလေးတွေကိုတဲ့။ ပြီးတော့ မီးတို့ ကိုတော့ အနေအထိုင် မတတ်ဖြစ်မှာစိုးလို့ နည်းနည်းပါးပါး နေတတ်ထိုင်တတ်အောင် ဆုံးမတာပေါ့နော်။

အသွားမတော် ၁လှမ်း အစားမတော် ၁လုပ် မဟုတ်လား။ လူတွေက နဂိုကတည်းက ပြောချင်ချင် .. ဒီတော့ ခလုတ်တိုင်လဲရင် ထူမယ့်သူ မရှိဘူး။ ခြေထိုးခံပြီး မကောင်းပြောဖို့နဲ့ ကဲ့ရဲ့ဖို့စောင့်နေကြတာချည်းပဲလေ။ ဒီတော့ နေတတ်ထိုင်တတ်အောင်နေပေါ့နော် ..


မီးမလည်း ကြားတုန်းက ဆို သွားတောင် ပြောပစ်ချင်တာ .. နည်းနည်းပါးပါး စဉ်းစားဥာဏ်လေး ရှိစမ်းပါ။ ဒီအသက်မှ အားမနာ မစဉ်းစားတတ်ဘူးလား။ ကိုယ့်လူမျိုး အချင်းချင်း မဟုတ်တာတွေ ဖွ တော့ နောက်ဆုံး သူများနိုင်ငံက ဘယ်လိုထင်ကြမလဲ ဘယ်လိုစဉ်းစားကြမလဲ နင်တို့မြန်မာနိုင်ငံကလူတွေက ဒီလိုပဲလား ဘာညာဆိုပြီး အထင်အမြင် သေးမှာ မကြောက်ဘူးလား .. လျှာရိုးမရှိတိုင်း ပြောချင်တာ ပြော.. ပါးစပ်က လမ်းဘေး ဈေးလို ၀င်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေတာ ... နည်းနည်းလေး စဉ်းစား အရှက်ရှိပေးပါ။ ကိုယ့်သားသမီး မဟုတ်တိုင်း ပြောချင်တာပြော ကိုယ့်သမီးအလှည့်မှ ဗိုက်၁လုံးနဲ့ မပါမိစေနဲ့ပေါ့။ သားမွေးခဲ့ရင်လည်း ဗိုက်ပါလာတဲ့ ချွေးမ အစစ် ရနေမှ ဟုတ်ပေ့ ဖြစ်မယ်။


တကယ်လို့များ မီးသယ်ရင်းနဲ့ မီးက ဒီလိုဖြစ်နေတော့ရော .. ဘာဖြစ်မှာမို့လဲ

မနာလိုတော့ မဖြစ်နဲ့ မခိုင်ဇာလင်းရေ .. မီးတို့က အပျိုဆိုတော့ ရွေးချယ်ခွင့်ရှိနေသေးတယ်။ အစကတည်းက အရည်အချင်းရှိရင့့်လက်ရှိလင်ကို မှီခိုပြီးမှ ထိုင်ဝမ်ရောက်အောင် မလုပ်ဘဲ အပျိုဘ၀နဲ့လာပေါ့။ ဘယ်နှယ့် ကိုယ်ပိုင် အစွမ်းအစလေးနဲ့မလာနိုင်ဘဲနဲ့ လင်အားကိုးနဲ့ရောက်လာတာ။ ရောက်လာတော့ရော .. ကိုယ့်ယောက်ျားကို ဘာများ အလုပ်အကျွေးပြုနိုင်သလဲ ဆရာဝန်မဟုတ် ဘာမဟုတ် .. အလုပ်မလုပ်လဲ ရတယ်ဆိုတာကို ပါးစပ်ဖျားက မချနိုင်ဖြစ်နေတယ်။ဟုတ်ပါ့ အလုပ်မလုပ်လဲ ရတယ် မြန်မာတန်းမှာ မုန့်ဟင်းခါးရောင်းနေရမှာလေ(သူ့ယောက္ခမက မြန်မာတန်းမှာ မုန့်ဟင်းခါးနဲ့ အကြော်ကြော်ရောင်းပါတယ်။ ဆိုင်နာမည်က ရွှေရင်မုန့်ဟင်းခါး)

စားကြပါအုန်း မုန့်ဟင်းခါးပူပူလေး ... ဟီး (ကဲ တော်သေးပြီ)

Sunday, July 26, 2009

သင် သူ့ကို တစ်ကယ်ချစ်တယ်ဆိုရင် …….


























၁။ သူ့ဘ၀ထဲကို မျက်နှာဖုံးချွတ်ပြီးမှ ၀င်ပါ။
၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။
၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။
၎။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု ပေးထားလိုက်ပါ)
၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။
၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။
၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။
၈။ သူ့အပ်ါကို တန်ဖိုးထားပါ။
၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။

၁၀။သူ့အတွက် အချိန်ပေးပါ။
၁၁။ သဘောထားကြီးပါ။
၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေကို မမေ့မပျောက်အောင် မှတ်သားပါ။
၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။
၁၄။ ချစ်စကားကြိုက်စကားပြောနေရင်း ချီးကျူးစကားများကို ထည့်သွင်းပြောဆိုပါ။
၁၅။ သူ့၏ ချို့ယွင်းချက်များကို ပြုပြင်ပေးတက်သူဖြစ်ပါစေ။
၁၆။ မိမိရဲ့ အားနည်းချက်တွေကို သူသိအောင် ကြိုတင်ပြောပြထားပါ။
၁၇။ လူပုံအလယ်ကို ရဲ၇ဲဝံ့ဝံ့ ခေါ်သွားပြီး မိတ်ဆက်ရဲပါစေ။
အဲဒီအချစ်ဆိုတဲ့နေရာမှာ 1500 အချစ်တစ်ခုတည်း အတွက်သာမဟုတ်ပဲ။ သူငယ်ချင်းအချစ်၊ မောင်နှမချင်း ၊ မိသားစုဝင်ချင်းဖြစ်ဖြစ် ဒီလိုသာ ဆက်ဆံ မယ်ဆိုရင်အဆင်မပြေစရာမရှိပဲ အပြန်အလှန် နားလည်မှုတွေရှိပြီး ထာဝရ ချစ်ချစ် ခင်ခင်ပေါင်းသင်းသွားနိုင်မှာ သေချာပါတယ်

Thursday, July 23, 2009

online sex moive ကြည့်ချင်သူများ Online sex အကြောင်းပြောခြင်းများ


မီးမ ဒါတင်ထားလို့ Link ပေးမယ်တော့ မထင်ကြပါနဲ့ဗျိုး .. စိတ်တိုလွန်းလို့ ပြောရအုန်းမယ်။
ခုတလော (ကြာတော့ကြာပါပြီ) online မှာ sex moive ကြည့်ချင်လို့တို့ .. sex အကြောင်းပြောတာတွေ ကြုံရဆုံရတာတွေ ရှိနေတတ်ကြတယ်။ ခုဆို ပိုပြီးဆိုးရွားနေပါတယ်။
တလောကလည်း မီးမ သူငယ်ချင်း (ထိုင်ဝမ်ကပါပဲ) နဲ့ မီးမ Gtalk မှာ စကားပြောနေကြတုန်း နောက် သူငယ်ချင်း (ထိုင်ဝမ်ကပဲ သိပ်တော့မခင်ပါဘူး) သူက မီးမ သယ်ရင်းကို မေးပါတယ်။ online sex moive ကြည့်ချင်လို့ link လာတောင်းတော့ မီးမသယ်ရင်းက မသိဘူးလို့ ပြန်ပြောတဲ့အခါ သူများကို မေးပေးလို့ဆိုလာပြန်တယ်။ မီးမသယ်ရင်းလည်း သိချင် ကိုယ်တိုင် လိုက်မေးပေါ့ မင်းကြည့်ချင်တာ ငါကအရှက်ကွဲခံပြီး တောင်းပေးရအုန်းမယ်တဲ့။ နောက်တော့ မီးမသယ်ရင်းက သူ့ကို ကြပ်ချင်တာနဲ့ မင်းသိချင်ရင် မီး ကိုမေးလိုက်တဲ့ မီး online မှာရှိနေတာပဲတဲ့။
ဒါပေမယ့် လာတော့ မမေးပါဘူး။ မီးသယ်ရင်းက မီးအကြောင်းသိတယ်။ အဲ့လိုတွေ လာမေးရင် ဘယ်လို ပြောလွှတ်လည်းဆိုတာ။
ကြည့်တာ တော်ပါသေးတယ်။ ခုနောက်ပိုင်း ပိုဆိုးလာတာက online sex ကိစ္စလုပ်ခြင်းပါ။
ချစ်ညီအစ်မတွေရေ ...
Online မှာ sex ကိစ္စလုပ်တာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပါပဲ။ ပြီးတော့ ဒီလိုကိစ္စကို တလောကလုံးသိအောင် ဖွင့်ပြောနေတာနဲ့ တူတူပါပဲ။ က မိန်းကလေးတိုင်းကို မဆိုလိုပါဘူး။ တချို့တချို့သော ကောင်မလေးများ .. ဟုတ်ပါတယ်။ ချစ်သူတွေကြားမှာ ဖြစ်တတ်တာ မီးမ နားလည်ပါတယ်။ မီးမလည်း ခေတ်လူငယ်၁ယောက်ပါ။ သိသင့်သလောက်တော့ သိပါတယ်။ ဒါပေမယ့် ဒါအပြင်မှာ မဟုတ်ပါဘူး။
ကိုယ့်ချစ်သူက ဒါလေးပြပါ။ ဟိုဟာလေးပြပါနဲ့။ ပြရင်းနဲ့ စိတ်မထိန်းနိုင်လို့ပါဆိုတဲ့ ဆင်ခြေမပေးကြပါနဲ့။ ထိန်းနိုင်တဲ့ အသိရှိတုန်း စဉ်းစားကြပါ။ ဖြစ်သင့်လားဆိုတာ။
ကိုယ်ကတော့ အဟုတ်မှတ်။ online ပဲ မသိလောက်ပါဘူးဆိုပြီး လုပ်ချင်တာလုပ်ကြ။နောက်မှ ဘယ် web ပေါ်မှာ nick name ကြီးနဲ့ ပါလာ။ ဘယ် site မှာ ၀င်ချောင်းရင်း ဟယ် ငါတို့ အဖြစ်လေးအတိုင်းပဲ ဆိုပြီး ကြည့်မိကာမှ ကိုယ်ကိုယ်တိုင်ဖြစ်နေလို့ site admin ကို တိုးတိုးတိတ်တိတ်နဲ့ အဲ့ဒါလေး delete လုပ်ပေးပါဆိုပြီး မျက်နှာအောက်ချ အရှက်တကွဲနဲ့ ဖြစ်မယ်နော်။
ကိုယ်ကတော့ ကိုယ့်ချစ်သူကို ယုံ စုံလုံးကန်း နဲ့ ပြကြ ဖြစ်ချင်တိုင်းဖြစ်ကြ။ မှတ်ထားကြပါ။ ဘယ်ကျားမှ သတ်သတ်လွတ်မစားပါဘူး။ ဒီလိုဖြစ်ပြီးလို့ ကိုယ့်ကို တန်းတန်းစွဲမယ် မထင်ပါနဲ့။ စားပြီးနားမလည် ၀ါးပြီးမျိုချ တွေ တပုံကြီးပါ။ စားလို့ဝရင် အကြောင်းပြပြီး ဖြတ်သွားကြမှာချည်းပဲ။ ဖြတ်ရုံဆိုတော့ ကောင်းတာပေါ့။ နောက်မှ ဒီဆော် .. ငါနဲ့ ဖြစ်ဖူးတယ် မယုံရင် မင်းစမ်းကြည့်ဆိုပြီး သူငယ်ချင်းတွေကို မဖြန့်ရင်တောင် ရှိခိုးဦးချမတတ် ကျေးဇူးသာတင်လိုက်ဗျိုး။
မီးမသူငယ်ချင်းနဲ့တောင် ဒီအကြောင်းပြောဖူးသေးတာ ခုမှ သူပြောတာလေး အမှတ်ရတယ်။ အဲ့လောက်တောင် မနေနိုင်ဘဲ ရွနေကြလည်း ဟိုကားတွေ ကြည့်ပြီး လုပ်ပေါ့တဲ့။ ဘဲနဲ့လုပ်တာဆိုလည်း အပြင်မှာလည်း မဟုတ်ဘဲနဲ့ ကိုယ့်ဘာသာကိုယ်လုပ်ရတာကို ဘာလို့ လူသိအရှက်ကွဲခံနေရသလဲပေါ့နော်။
ဒါကြောင့် မြန်မာမိန်းကလေးများ .. သတိရှိကြပါ။ တချို့တချို့သော နှာဘူးများသည် ဘူးရုံမက အလွန်ယုတ်မာပြီး ပေါ်မှာ web တင်တတ်ကြပါသည်။ အညှာ မလွယ်မိကြပါစေနဲ့နော်။


မမတွေကိုပဲ ပြောလို့ ကိုကိုတွေ .. ရှင်တို့ လွတ်ပြီ မထင်နဲ့။ ပြောရဦးမယ်။ ရှင်တို့တွေက ကိုယ့်အလှည့်ကျတော့ ဟွန်. တင်လိုက်ကြတာ။ ဘယ်နိုင်ငံက ဘယ်ကောင်မလေး .. ဝေမျှနေလိုက်ကြတာ .. ဒင်းတို့ ဖြစ်ပျက်နေတာတွေကျတော့ ကြောက်တတ်သား .. တင်ထားတဲ့ admin ကို တိုးတိုးတိတ်တိတ်နဲ. ညီရေ .. ဒါကြီး ဖျက်ပေးပါဗျာ .. ကိုယ့်အပြင်ကကောင်မလေးတို့ .. တခြားလူတို့ သိသွားရင် ကွိုင်တက်မှာကွာ .. လုပ်ပေးစမ်းပါ ဆိုတာမျိုး ..
အားနာကြပါ။ ရှင်တို့ကျတော့ ကောင်မလေးတွေကို နှမချင်းမှ မစာနာ တင်ရက်ကြတယ်။ ကိုယ်ကျတော့ ပေါ်မှာ ရှက်တတ်ကြသေးတယ်။ ရှင်တို့တွေ ယောက်ျားမှ ဟုတ်ရဲ့လား။ လုပ်ရဲရင် ခံရဲကြရမှာပေါ့။ ဘယ့်နှယ့်
ကိုယ့်ကိုယ်ကိုယ်တော့ သိတတ်တယ်။
ကိုယ့်ဘက်ကိုယ်ယက်ကြတဲ့ လိပ်မျိုးတွေ
့ပြီးတော့ .. ကိုယ့်မှာ နှမတွေ အစ်မတွေ မရှိရင်တောင် စာနာကြပါ။ သနားကြပါ။ ရှင်တို့ဖြစ်ချင်တဲ့ ဆန္ဒကို လိုက်ရောပြီးရင် ကျေနပ်ကြပေါ့။ နှမတွေ အစ်မတွေ မရှိတောင် .. အဲ့လို ကြပ်ကြပ်လုပ် ရှင်တို့ယူတဲ့ မိန်းမတွေကျမှ ထိလိမ့်မယ်။ ပြီးတော့ ... ဘုရားသာ တ ကြပေတော့။ ကိုယ့်အလှည့်ကျ မနွဲ့စတမ်းပေါ့နော့။ ကိုယ့်ယူတဲ့ မိန်းမ webပေါ်မှာ ခိုးရိုက်ထားတဲ့ site တို့မှာ ပါမလာမိပါစေနဲ့နော်။
ပြီးတော့ ၂ဦး၂ဖက်လုံးကို ပြောရဦးမယ်။ ကိုယ်ကတော့ အရှက်မရှိ ကိုယ့်ဘာသာကိုယ် ဖြစ်ချင်တိုင်းဖြစ်တာကို အရိုက်ခံ web ပေါ်တင်ခံ ... ကိုယ့်မိဘတွေ အသိုင်းအ၀ိုင်းတွေကိုလည်း နည်းနည်းလောက် စဉ်းစားပေးနိုင်ကြပါစေ။


P.S. Gtalk နှင့် Yahoo တို့မှာ Online SeX Movie တောင်းခြင်း & Online Sex အကြောင်းပြောခြင်းများ သည်းခံပါ။ မီးအိမ်ရှင်သည် ဘုရား မဟုတ် နတ်မဟုတ် အငွေ့မစား အတွေ့သာစားမည်။

Monday, July 20, 2009

ဘာကြောင့်လဲ

ဘာလိုလိုနဲ. ၁ပတ်တောင် ရှိသွားပြီ။ ငါ ကျန်ရစ်ဖြစ်ရပြန်ပြီ။ လူတွေက ပြောတယ်။ ငါ ရည်းစားရှုပ်တယ်တဲ့။ ဟုတ်ပါတယ်။ ငါရှုပ်တယ်။ ဒီလို ဒဏ်တွေ ငါနင့်ကို ပေးခဲ့မိတယ်။နင့်ဘက်က ခံစားရတာတွေ လျစ်လျူရှုခဲ့တယ်။ ငါဖြစ်ချင်တာတွေပဲ ငါသိခဲ့တယ်။
နင်ဟာ ငါ့အပေါ် သူများတွေထက်မက ကောင်းခဲ့တယ်။ ငါ ... ဘာမှ မစဉ်းစားမိဘဲ ငါ့အတ္တနဲ. ငါ့မာနပဲ ရှေ.တန်းတင်ခဲ့မိတယ်။ ငါ့အပေါ် အနွံတာခံနိုင်လွန်းတာကို အခွင့်အရေးယူမိတယ်။ နင် အဆုံးအစွန်ထိ ပေးဆပ်သွားပြီး ငါ့ကို ရှောင်သွားမယ်လို့ မထင်ခဲ့မိဘူးဟာ။
အဲ့ဒိ အတွက် ငါမှားခဲ့တာ နင့်ကို တောင်းပန်ပါတယ်။
နင်မရှိခဲ့ဖူးတဲ့ ငါ့ဘ၀မှာ ဘာမှ အတွယ်အတာ မရှိခဲ့ပေမယ့် .. ခုကျတော့ ..နင်အကျင့်လုပ်ပေးခဲ့တဲ့ Gtalk ဖွင့်အိပ်နေတာ .. ခုချိန်ထိပဲ ကောင်လေးရယ် ... ညဘက် ညဘက် လန်.နိုးတိုင်း နင်များ ရှိလေမလားဆိုပြီး ကြည့်ကြည့်မိတာ ..
အရင်ကဆို ငါအိပ်နေတုန်း နင်Skype ကခေါ်ရင် ငါ အရမ်းစိတ်တိုတတ်တာ .. ခုတော့ အဲ့ဒိ အသံလေးကို မျှော်လင့်နေမိတယ်ဟယ်။ ပြီးတော့ အိပ်မက်ဆိုး၁ခုလို က Skype ခေါ်သံတွေ နားထဲ ကြားကြားနေပြီး .. ငါ အရူး၁ယောက်လို ဖြစ်နေခဲ့တယ်။
ငါ့ဘာသာငါ အိပ်တတ်တဲ့အကျင့်ကို ဖျောက်ပြီး နင်ချော့သိပ်တဲ့ ၁၀၀၁ည ပုံပြင်တွေထဲမှာ ငါပျော်မွေ့နေတယ်ဆိုတာ ငါကလွဲပြီး ဘယ်သူသိဦးမှာလဲ ?
ခုဆို ..
နင် Gtalk မှာများ ရောက်နေလေမလား ...?
Skype ကနေများ ခေါ်မလား ...?
နင် ချော့သိပ်ဖို့ ရောက်မလား ? ဆိုပြီး ...
စောင့်မျှော်ရင်း ...
ငုတ်တုတ် မိုးလင်းတဲ့ နေ့ရက်ပေါင်း မနည်းတော့တာ ..
ညတိုင်း ..
နင့်ကို လွမ်းတဲ့ အလွမ်းကြောင့် ငိုညည်းခဲ့တာတွေ ..
ငါ့ ခေါင်းအုန်းလေးကလွဲပြီး ..
နင် အပါအ၀င် ..
ဘယ်သူကများ သိနိုင်အုန်းမှာလဲ .. ?
နင်နောက်ဆုံးပေးခဲ့တဲ့ .. `ဟိုအရင်လို​` ဆိုတဲ့ သီချင်းလေးကို .. နားထောင်ရင်း ..
ငါ့ရဲ. နေ.ရက်တွေ .. အချိန်တွေ .. အကျင့်တွေကိုတော့ normal ဖြစ်အောင် ကြိုးစားရင်းနဲ့ ..
ချစ်သူ ..
တော်ရာမှာ ပျော်ပါစေလို့
ငါ ဆုတောင်းပေးပါတယ်။
တခဏတာချစ်ပေးခဲ့တဲ့
နင့် အချစ်တွေကို
ကျေးဇူးအရမ်းတင်တယ်။
~~ ၁နေ့နေ့ ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး ~~


glitter-graphics.com">

Wednesday, July 1, 2009

弦子。沿海地帶 :


空蕩蕩的月台 入秋微涼的海

微風把腳下的樹葉都吹開 火車就要出發催促我快離開

我的心已超載 你不瞭解的愛

當失望逐漸將一切都掩埋 沒想到害怕更真實存在


在沿海地帶放逐我的愛 孤單也很精彩

我相信我們都有該去的未來 不該在原地徘徊

我其實很明白 夢醒了就不在

只是還掙扎著不讓他離開 緊緊抓著的也都是空白


在沿海地帶放逐我的愛 孤單也很精彩

我相信我們都有該去的未來 不該在原地徘徊

在沿海地帶我遠遠離開 要更自由自在

不要我的心隨著大廳的鐘擺 停留在原地感慨

作詞:木蘭號 aka 陳韋伶 作曲:馬奕強