.jpg)
မီးမ အိမ်မှာ ဟင်းမချက်တာကြာပြီ။ အပျင်းတစ်နေတာလေ။ ဒါနဲ့ အမေက ကြည့်မရလို့တော့နဲ့တူတယ်။ ဒီနေ့ မနက် လာပြောတယ် .. အငယ်မ ဒီနေ့ ငါ့ကို ဟင်းချက်ပေးတဲ့။ မနက်က ဈေးကနေ ခရမ်းသီး ၀ယ်လာတယ်တဲ့။ ပြီးတော့ ရွှေဖရုံသီးလည်း ၀ယ်လာတယ်။ ဟို၁ခါ သင်ပေးသလို ကြော်လိုက်တဲ့ ရွှေဖရုံသီးကိုတော့ .. ပြီးတော့ ခရမ်းသီးကိုတော့ ကြည့်ကျပ်ချက်လိုက်ဆိုတာနဲ့ မီးမတို့ ထုံးစံ အတိုင်း မတတ်တတတ်နဲ့ နှပ်တော့တာပဲလေ။
မမတို့ရေ ..
ခရမ်းသီးနှပ်တော့မယ်ဆိုရင်တော့ ..
ခရမ်းသီး - ၃ တောင့်
ပုစွန်ခြောက် - အနည်းငယ်
ကြက်သွန်နီ - ၁ လုံး (ထိုင်ဝမ်က ကြက်သွန်နီ ၁လုံးက မွေးကာစကလေးငယ်ရဲ့ ဦးခေါင်းလောက် ရှိတယ်)
ကြက်သွန်ဖြူ - ၁ မွှာ
ဗမာ ငံပြာရည် - လ္ဘက်ရည်ဇွန်းနဲ့ ၃ ဇွန်း
ဟင်းအရသာမှုန့် ( ငါးမှုန့် ဒါမှမဟုတ် ကြက်သားမှုန့်)
ဆနွင်းမှုန့် - လ္ဘက်ရည်ဇွန်း နှင့် ၁ဇွန်း
ငရုတ်သီး အရောင်တင်မှုန့် - လ္ဘက်ရည် ဇွန်းနှင့် ၁ ဇွန်း
ကဲ ~~~ စပြီနော် ..
အရင်ဆုံး ခရမ်းသီးကို အတုံးငယ်လေးတွေ ဖြတ်ပြီး ရေဇလုံနှင့်စိမ်ထားပါ။ ဒါမှ ပိုးသတ်ဆေး ဓါတုဆေးဝါးတွေ ကျွတ်မှာပေါ့နော်။ ပုစွန်ခြောက်ကို ရေစိမ်ပါ။ ပြီးလျှင် ပုစွန်ခြောက် , ကြက်သွန်နီ/ဖြူ ကို နုတ်နုတ်ဆင်းပြီး ထောင်းပါ။ ပြီးသွားတဲ့ အခါမှာ ဆီသတ်တော့မယ်နော်။ ညှော်မယ်ဗျိုး .. ပုစွန်ခြောက် နှင့် ကြက်သွန်နီ/ဖြူ ကို ဆီပူပူနဲ့ ဒယ်အိုးထဲတွင် ဆီသတ်ပါ။ (အဆာတွေ ထည့်တဲ့အခါ မီး လျှော့နော် မီးမ တို့ အမြဲတူးတတ်လို့)။ ပြီးလျှင် ငံပြာရည် ဟင်းအရသာမှုန့် ဆနွင်းမှုန့် ငရုတ်သီးအရောင်တင်မှုန့်များကို ရောသမမွှေ ခစ်ခစ်။ ဆီသတ်တုန်းမှာ မီးအေးအေးလေး ထားပြီး စိမ်ထားတဲ့ ခရမ်းသီးကို ရေ ၃ ၄ ရေလောက်နှင့် ဆေးပါ။ ပြီးလျှင် ဆီသတ်ထားသော အိုးထဲသို့ ထည့်ပြီး မီးအနည်းငယ်ပြန်တင်ကာ မွှေပါ။ ခရမ်းသီး အနည်းငယ်ပျော့သွားပါက အိုးထဲသို့ ရေအနည်းငယ် ထည့်ပြီး အုပ်ထားပါ။ တချက်တချက်မွှေပေးရန်မမေ့ပါနှင့်။ မီးဆို တူးသွားတတ်တယ် ခစ်ခစ်။ နောက် ... ခရမ်းသီးလည်း နူးပြီ။ ဆီလေးပြန်လာပြီဆို ချိုမြိန်ပြီး ထမင်းစားဝင်တဲ့ ခရမ်းသီးနှပ် ၁ခွက် ရပါပြီရှင်။
0 comments:
Post a Comment