Saturday, August 6, 2011

မြန်မာ ဟု ခေါ်သည်


အော် .. ပြောပြန်ရင်လည်း မီးမ တို့ လွန်ရာကျမယ်။ ကိုယ့်လူမျိုး ကိုယ် မချစ်ဘူးလို့ ဖြစ်ကောင်းဖြစ်မယ်။ ကိုယ်လူမျိုး အရှက် ကိုယ်ပြန်ခွဲလို့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတယ် ဖြစ်ချင် ဖြစ်မယ်။ ဒါပေမယ့်လည်း မီးမက မဟုတ်မခံ ကိုယ့်ကို မဟုတ်တာ ကွယ်ရာမှာ ပြောတော့ ခုတော့ ရေးရပြန်ရောပေါ့။ ကိုယ့်လူမျိုး ကိုယ် မချစ်တာ မစည်းလုံးတာ တော့ မဟုတ်ပေါင်။ ချင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်လေ။
ကြားရတဲ့ အတင်းကတော့ မနာလိုမှုတွေ များပြားနေလိုက်တာ။ မီးမတို့ ဒီ Engineer's Assistant ဖြစ်တာကို မျက်စိဆံပင်မွှေးဆူးတာတွေ များနေတယ် ထင်ပါ့။ ဒီအလုပ်လုပ်တာပဲ ကြာကြာလှပြီ။ ခုထိ သောက်တင်းချလို့ မကုန်နိုင်သေးပါလားနော်။ အံ့ကျော် အံ့ကျော်ပဲ။
ဒီလိုပါ ~ မီးမ အရင်က ရေးဖူး သလိုပဲ မီးမ ၄ထပ်ကို ရောက်တာနဲ့ ပတ်သက်ပြီး နီးနီးက လူတွေ(၂ယောက်တည်းကိုသာ ဒဲ့ပြောသည်)ရော ဝေးဝေးက လူတွေပါ (လူမြင်ရင် နွားပွဲစားမြင်ရသလိုပဲ သွားဖြဲပြပြီး ကွယ်ရာကျ မဲ့ရွဲ့ စောက်တင်းပြောသော မြန်မာများကို ဆိုလိုသည်) တော်တော် မနာလိုဖြစ်ပြီး အတင်းတော်တော် ပြောနိုင်ကြတယ်။
ဒီနေ့ ကြားသိရတဲ့ သတင်းက .. မီးမ လက်ရှိအလုပ်မှာ လုပ်နေတာကို မီးမ သူငယ်ချင်းက အရင်က တူတူ လျှောက်ပြီး အလုပ်ဝင်ကြတာပါ။ နောက် သူက SMT တတ်တော့ သူက SMT ကို ဝင်။ မီးမလို ဘာမှ မတတ်တဲ့သူကတော့ packing နေရာမှာ အလုပ်ဝင်တာပေါ့နော်။ ပြောရမယ်ဆို အခြေခံနေရာပါ။ မီးမ ဘာမှ မတတ်ပါဘူး။ အဲ့ဒိတုန်းက မီးမ သူငယ်ချင်းက SMT က မကောင်းတော့ အလုပ် ထွက်သွားပါတယ်။ ခု ၃နှစ်လောက်ကြာမှ အလုပ်ပြန်ဝင်တော့ သူက SMT မလုပ်ချင်လို့ ၃ထပ်က main board တွေ နေရာမှာ လျှောက်ပြီး အလုပ်ဝင်လုပ်တာပေါ့။ အဲ့ဒိတုန်းက မီးမ တို့ အလုပ်စဝင်ခါစက အောက်ထပ်မှာ သိလာတဲ့ မြန်မာမ ၁ယောက်က ခုတော့ ၂ထပ်က SMT မှာ အလုပ် လုပ်နေတော့ ညပိုင်းတွေ့တော့ မီးအကြောင်းပြောဖြစ်တယ်။
မီး သူငယ်ချင်း အလုပ်ပြန်ဝင်တော့ မီးကပြောတယ်။ စောစောဝင်လာရောပေါ့။ တလောက မီးတို့နေရာမှာ လူလိုတာ ကိုယ့်လူရှိရင် နေရာပေးလို့ရတယ်ဆိုပြီး ပြောတာကို မီးသူငယ်ချင်းက အဲ့မြန်မာမ (ဟိုမရောက် ဒီမရောက်မ) ကိုပြောပြတယ်။ ဒီတော့ အဲ့ယောက်ျားမကျ မိန်းမမကျ( ယောက်ျားလျာစစ်စစ်မဟုတ် ယောက်ျားမြင်လျှင် ကိုကြီး ဘာညာဟု ညှောင့်ပြီး မိန်းမချင်း living 2gether နေသည်) က ဘာပြောလဲဆိုတော့ မီးက အကပ်ကောင်းလို့ အဲ့နေရော ရောက်တာတဲ့။ ဘာမှ အရည်အချင်းရှိတာ မဟုတ်ဘူးဆိုပဲ။
ဟုတ်ပါရဲ့ရှင်။ မီး က အကပ်ကောင်းလို့ ရောက်တာဆိုရင် မီးတော်တော် တော်တယ် ပြောရမယ်။ အဲ့ဒိ စက်ရုံရောက်ပြီး ၃လနဲ့ ဘယ်နားသွားကပ်ပြီးများ ဒီနေရာကို ရောက်ပါလိမ့်နော်။ တကယ်လို့များ အကပ်ကောင်းခဲ့ရင်တောင် ကျွန်မ မီးမ တို့ ဘယ်နားကပ်ရမလဲဆိုတာ ၃လနဲ့ ရှာနိုင်တာ အံ့ကျော် အံ့ကျော်ပဲ။ ရှင်တို့လို စက်ရုံမှာ ချိုးကပ်ပြီးနေလာတာ စက်ရုံက 領班 ကို ခြေထောက်လျှက်ပြီး ဆက်ဆံလို ဆက်ဆံ နဲ့တောင် အလုပ်ဖြုတ်တဲ့ အထဲ ပါသွားတာ .. ရှင် အကပ်များ မှားခဲ့လေသလား?? ဟိ နှိမ်တာတော့ မဟုတ်ပါဘူးရှင်။ ကျွန်မ မီးအိမ်ရှင် အခု လုပ်နေရတဲ့နေရာက ပညာနဲ့ လုပ်တာပါ။ လက်လှုပ်ရုံနဲ့ မပြီးပါဘူး။ SMT မှာ လူမရှိလို့ ပေါချင်း သောချင်းခေါ်တဲ့နေရာမှာ လိုအပ်တဲ့ အသုံးပစ္စည်းလေးတွေ ဖြည့်ပြီး ငါက SMT လို့ အော်နေတဲ့ မမ ရေ .. မီးလုပ်နေရတဲ့နေရာက အစ်မ လုပ်တဲ့နေရာလို ပစ္စည်းဖြည့်ပြီး ဝတ္ထုခိုးဖတ်လို့ ရတဲ့နေရာ မဟုတ်ပါဘူး။ ရေမသောက်ရနေရာမှာ ရေခိုးထည့်သောက်လိုသောက် နဲ့ ပစ္စလက်ခပ်နဲ့ ရှင့်လို စာရိတ္တနဲ့လူစားက ဘယ်လိုပဲ အကပ်ရှိရှိ မီးမ လုပ်နေတဲ့ နေရာမှာ မပြောနဲ့ 作業員 နေရာမှာတောင် နေရာကောင်းရဖို့ မစဉ်းစားပါနဲ့။ အကပ်ကောင်းခဲ့တယ် ဆိုရင်တောင် .. ကျွန်မလို ကပ်နိုင်အောင် ကြိုးစားပေါ့။ အဓိက ရှင်တို့ ပစ်မှတ် Engineers တွေကို အရင် ရင်းနှီးအောင် လိုက်ပေါင်းပေါ့။ ကျွန်မတို့က ရုပ်ရည်နဲ့ အီပြီး ကပ်တယ်ဆိုလည်း အဲ့လို ရုပ်ရည်ရှိဖို့ ရှင့်မိဘ ကို အပစ်တင်ပေတော့။ နောက်ပြီး ရှုပ်ရည်က အဓိက မဟုတ်ပါဘူး။ ရှင့်လို ယောက်ျားမကျ မိန်းမမကျ ယောက်ျားမြင်တော့ အွန်လိုင်းမှာ မိန်းမလို့ပြောပြီး ကိုကြီးကလည်း ဘာညာနဲ့ အီလိုအီ။ ပြီး မိန်းမ တယောက်နဲ့ အတူတူနေတာများ .. ဒီလိုမျိုးနဲ့တော့ မစဉ်းစားနဲ့။ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပါ။ ပြီးမှ သူများကို လက်ညှိုးထိုးပါရှင်။ သူများကို လက်ညှိုးထိုးရင် ကိုယ့်ကို လက်၃ချောင်း ပြန်ထိုးတယ်ဆိုတာ မမေ့ပါနဲ့။ သူများ မျက်ချေးကိုပဲ မြင်တယ်။ ကိုယ့်မျက်ချေးတော့ ကိုယ်မမြင်ဘူး။ သူများကို မနာလိုစိတ်လည်း သိပ်မထားနဲ့ စိတ်ပုပ်မကြီးရေ... မီးမတို့က စိတ်ကောင်းကောင်းထားလို့ နေရာကောင်းရတာ. ရှင် အဲ့လို စိတ်ပုပ်နေလို့ အလုပ်ဖြုတ်တဲ့ထဲပါသွားတာ။ သတိထား ဒီနေရာရော ခံပါ့မလားလို့။
သိပ်ပြီး တတ်နေတယ်ဆို .. ပညာချင်း အရင် မယှဉ်ပါနဲ့။ ကပ်တတ်အောင်ပဲ ကြိုးစားလိုက်နော်။ အတင်းတွေ လိုက်ပြောနေမယ့်အစား ရှင် တိုးတက်ရာ တိုးတက်ကြောင်း ပညာလေး သင်ပါဗျာ။။ စေတနာနဲ့ ပြောတာနော် .. ဟဟ နာ့မကြီး .. ဖြေးဖြေးပြော .. မောနေမယ် .. တံတွေးသီးပြီး သေမှာစိုးလို့ဗျိုး။ စိတ်သိပ်မပုပ်နဲ့။ မနာလို မဖြစ်နဲ့။ မလှတဲ့ အခွက်ကြီး ပိုရုပ်ဆိုးမယ်။ ခွေးဟောင်လို့တော့ တောင်မရွေ့ပါဘူးဗျာ။ အူပုပ်တော့ အပြင်ပန်းမှာ ပေါ်တယ်တဲ့ဗျာ .. စေတနာပါ။ ဟိ
ဒါတွေက ထိုင်ဝမ်က မြန်မာတွေရဲ့ စိတ်ပေါ့ရှင်။ မြန်မာတွေ အချင်းချင်း မစည်းလုံးဘဲ ခြေထိုးခံ အတင်းပြော.. ငါသာရင် ပြီးရောဆိုတာတွေ ... သူများနိုင်ငံက ကိုယ့်ကို အထင်သေးတာ ဒါလည်းပါတယ်လေ။ ကိုယ့်အချင်းချင်း မကောင်းပြောမှတော့ သူများနိုင်ငံက အထင်သေးမှာပေါ့. ရှင်တို့ ဦးနှောက်ရှိရင် စဉ်းစားဆင်ခြင်ပေါ့။

Thursday, August 4, 2011

Because I love you


The more I am with you ,

the more I feel our love grow.



But when I am away for you ,

I grow to love even more.



I am stronger because of you ,

blessed to be with you ,

and lost without you.



You are my every dream come true.