
ခုတလော ... အယ် ... ခုတလောမှ မဟုတ်ပါဘူး။ ဖြစ်နေတာ ကြာပြီ .. အင်း မြန်မာပြည်မှာ internet cafe တွေပေါများလာချိန်က စလို့ပေါ့နော်။ မီးအိမ်ရှင်တို့ အမိမြန်မာနိုင်ငံကြီးက လူတွေ အားယားနေကြောင်း ... online ဆိုတာကို ဘာလို့ များ ထင်ကြေးပေးပြီး သုံးစွဲကြမှန်း နားမလည်နိုင်ဘူး။ရှိပါတယ် အကျိုးရှိရှိ အသုံးချ နေတဲ့သူတွေလဲ မနည်းပါဘူး။ ၁၀၀ မှာ ၁ ယောက် ခိခိ။Gtalk ပေါ်မှာဆို နာမည်တွေ အလကားရတိုင်း လုပ်လိုက်ကြတာ။ ပေါတိုင်းလည်း မကောင်းလိုက်တာနော် ..နောက်၁ခုကတော့ .. Gtalk သုံးကြပါပြီတဲ့ .. သုံးပါ .. မီးအိမ်ရှင်တို့ပိုင်တာလည်း မဟုတ်။ သုံးကြပါ။ ခုမှ သုံးရတာလေ။ တဝသုံးပါ။ သုံးတာလည်း သုံးပေါ့။ ဒါပေမယ့် custom message ဆိုတာ ဘာလုပ်ဖို့လဲ နားရော လည်ကြပါသလားရှင်? ဘာကြောင့်လဲဆိုတော့ custom message ပေါ်မှာ ရေးချင်တာ လျှောက်ရေးထားတာ မဟုတ်ပါဘူး။ အနီ အဝါ အစိမ်း sign တွေကရော .. ဘာလုပ်ဖို့ပါသလဲ ? နားမလည်ကြဘူး ထင်ပါ့။ အနီပြထားလည်း စွတ်ကို ခေါ်တော့တာ .. စွတ်ကို လာပြောတော့တာ။ ပြန်မပြောတော့ ဖုန်းတွေ တဂွမ်ဂွမ် ခေါ်တာ ရှိသေးတယ်။ ပြန်မပြောဘဲနေတော့ကျတော့ .. ဘာလို့ ပြန်မပြောတာလဲ? မာနကြီးတာလား? ဘာလုပ်နေလို့လဲ? အဲ့လိုတွေ မေးတာထက် .. ဟေ့ ဘာလဲ မင်းက ဘာမို့လို့လဲဆိုတာ ရှိသေးတယ်။ အရင်ဆုံး custom msg မှာရေးထားတာလေးတွေ မဖတ်တတ်ဘူးလား။ အိမ်တအိမ်ကို ဝင်ရင်တောင် တံခါးခေါက်ရပါတယ် အိမ်ရှင် ရှိမရှိ .. မပြောခင် ကြည့်လိုက်တော့ရော မျက်စိကန်းသွားမှာလား?ပိုဆိုးတာကတော့ ပြန်မပြောခြင်းရဲ့ ပုဒ်မ အရ အဆဲခံလိုက်ရတာပဲ .. အသလွတ်ကြီးတွေ ဆဲတာ .. အံ့သြပါ့။ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုကတော့ ကမ်းကုန်အောင် ရိုင်းပါတယ်။ မီးအိမ်ရှင်တို့ အရင်ကဆို မရိုင်းတတ်ဘူး။ မဆဲတတ်ဘူး။ရှင်းပြတယ် တတ်နိုင်သလောက် .. ဒီတော့ မေးခံရတတ်ပါတယ်။ စကားမပြောနိုင်ရင် ဘာလို့ gtalk ဖွင့်ထိုင်နေသလဲတဲ့။ ဟယ် .. သူတို့လို့ ၂၄နာရီ အားနေပြီး chatting လုပ်နေတယ်များ မှတ်နေသလား မသိ။ နောက်တော့ တဖြည်းဖြည်း အရေထူလာတယ်။ အရင်က မဆဲတတ်သမျှ ဒီလိုဟာတွေ နဲ့ တွေ့တော့ ပြန်ပက်တတ်လာတယ်။ ဟုတ်တယ်လေ။ ခွေးလို ဟောင်မှတော့ ရေနဲ့ပက်ရုံပေါ့။ ဒါပဲရှိတာ။အရင် လာ invite တာလည်း ရှိသေးတယ်နော် .. ဘာရယ် .. အရင်လည်း invite လုပ်သေးတယ် . ပြီးတော့ who r u ? တဲ့ .. ဘယ်လို ဖြေရပါ။ အဲ့ဒိ ကိုကို မောင်မောင်များ တယ်လီဖုန်းတော့ ပြောဖူး ကြမှာပေါ့နော်။ ခုက တယ်လီဖုန်း နံပါတ် ၁ခုကို နှိပ်ပြီး ခုပြောနေတာ ဘယ်သူပါလဲ ဖြစ်နေပြီရှင့်။ နောက်၁ခုက မေးရှာပါရဲ့။ နာမည် အသက် ဘယ်ကလဲ .. အဟုတ်ကြီး မေးပြီး ဒီက အားနာတော့ ပြန်ပြော နောက်ဆုံး ဘာပြောလဲ ဆိုတော့ ဟုတ်လို့လား တဲ့။ အဲ့ကျ ပိတ်ပြောပစ်ချင်တယ်။ လဲသေလိုက်ပါလားလို့ .. မေးပြီး မယုံသင်္ကာနဲ့ ဆို ဘာလို့ မေးနေသေးလဲ။ ပြောလိုက်ရင်တော့ လိမ်ညာနေတာ များလို့ပါတဲ့။ ဒီမှာ ကိုယ့်လူ .. အလိမ်အညာတော့ မရှိဘူး။ မှန်တာပဲ ပြောတာ ကိုယ့်စိတ်နဲ့နှိုင်းရင် ရိုင်းတတ်တယ်ကွ။ရှိသေးတယ် ရှိသေးတယ်။အမြင်ကတ်လို့ ဘာမှ ပြောမနေဘဲ block လုပ်လိုက်တော့ email နဲ့ ဆဲတာကရှိသေးတယ်နော်။ account နောက်၁ခု ဖွင့်ပြီး ပြောရကောင်းမှန်းလည်း သိသေး။ သြော် .. internet ကို ဒီလို သုံးရမှန်းတော့ သိပါ့။Gtalk သာဖွင့်ပြီး လူကို အထီးလား အမလား မကွဲဘူး။ မိန်းမ ပုံမြင်တာနဲ့ ငမ်းငမ်းတက် ကြောင်တတ်တဲ့ ငနဲသားတွေလည်း မနည်းဘူး။ Online ဆိုတာ ဖွန်ကြောင်ဖို့ လို့ ဘယ်သူဘယ်ဝါများ သတ်မှတ်ခဲ့သလဲ မသိ။ မီးအိမ်ရှင်တို့ chatting လုပ်နေတာ ၁၀ နှစ်ပြည့်တော့မယ်။ တခါမှ ကြုံဖူးပါဘူး။ Online ဘွားအေ ကြီးတော့ မဟုတ်ပါဘူး။ မြင်ရတာတွေ .. ကြုရတာတွေ .. သြော် .. chatting life ကလည်းနော် .. ။ဒီလို ဒီလို .. အော် .. ကျွန်မတို့ အမိမြန်မာနိုင်ငံတော်ကြီးမှ chatting လုပ်နေသော ကိုတော် မောင်ဖွားတို့ (အားလုံးကို မပြောလိုပါဘူး) ဖြစ်နေပျက်နေတာက ဘာကြောင့်လဲ ... မြန်မာနိုင်ငံမှာ intrernet ကို တခြားနိုင်ငံများလို ပေါပေါသီသီ မသုံးရလို့ ဒီလိုနားမလည်ခြင်းလေလား .. သုံးရမယ်ဆိုရင်ရော .. ဒီလို စိတ်ဓါတ်တွေနဲ့ ဒီလို လူတွေ မသုံးရတာကမှ ပိုပြီးကောင်းမလား .. ဘာလို့လဲဆိုတော့ နိုင်ငံတကာအထိ အရှက်ကို ကွဲစေမှာလေ... ရိုင်းဆိုင်းတာတွေ ကမ္ဘာကပါ သိလာမှာ .. နှိမ်ချပြီးတော့ ပြောတာ မဟုတ်ပါဘူး။ လက်ရှိဖြစ်နေတာလေးတွေ တွေ့ကြုံနေတာလေးတွေ အရှိကို အရှိအတိုင်းရေးလိုက်တာ။ ဒီလိုတွေ ဖြစ်နေတာ .. ဘူ့ ကြောင့် လဲ ဗျာ ။ ဘာကြောင့်လဲ .. ဘယ်သူ့ကို အပြစ်တင်ရမလဲ?
0 comments:
Post a Comment