Saturday, May 30, 2009

ဒီရင်ထဲကအနာ


တမ်းတလွမ်းစွတ်
ရင်ထဲခံစားချက်အပြည့်
အကြောင်းမတိုက်ဆိုင်လို့
ဒီရင်ထဲကအနာ
မင်းမတွေ့နိုင်ပေမယ့်
ဟ ... ခံစားရတဲ့လူက သေမတတ်ပဲ

Wednesday, May 20, 2009

ဒီရင်ခွင်


ဒီလူကို ဒီရင်က ပိုင်ဆိုင်ချင်တယ်။
ဒီလူကို ဒီရင်က မြတ်နိုးတယ်။
ဒီလူကို ဒီရင်က ချစ်တယ်။
ဒီလူသာ ခွဲသွားမယ်ဆို
ဒီရင်က ဒီလူ.အတွက်
အချစ်တွေကို
ကျေးဇူးပြုပြီး ယူသွားပေးပါ။
အော် ..
ဒီလူ.အတွက် ဒီရင်က
ခဏတာ ခိုနားခဲ့သော
နေရာလေးပါပဲ။
အချိန်တန်တော့
ပိုင်ရှင်ရှိရာ ပြန်သွားပြီပေါ့။

ငါ့ဘ၀ရဲ့ အပိုင်းအစလေး


ပျော်ရွှင်ခြင်းဆိုတာ ငယ်ငယ်တုန်းက
ကစားဖူးတယ် ဖန်လုံးလေးလိုပဲ
မြေကြီးပေါ်ကို ကျကွဲ သွားတဲ့ အချိန်မှာ တစစီဖြစ်သွားတယ်
ဘယ်လောက်ပဲကြိုးစားကြိုးစား အကုန်ပြန်မရနိုင်တော့ပေမယ့်
အနည်းဆုံးတော့ အပိုင်းအစလေး ၁ခုတော့ရမှာပါ
ငါ့ဘ၀ရဲ့ အပိုင်းအစလေးကတော့ မ နင်၁ယောက်ထဲပါ

ချစ်တယ်


ချစ်တယ် ဒီစကားကိုနေ့တိုင်းပြောလို့များ ရိုးသွားမလား

ငါ့နှလုံးသားက ထွက်လာတဲ့ ဒီစကားသံကို မ နင့်ကိုယုံစေချင်တယ်
ငါတို့ နှစ်ယောက် မိုင်သောင်းချီဝေးတယ်
ငါတို့ နှစ်ယောက်ရဲ့ နှလုံးသားတွေက နီးနီးလေးပါမ
မ ငါ့လက်ကိုတွဲ ငါ့ရင်ခွင်ကိုမှီ
ငါတို့၂ယောက်ရဲ့ ဘ၀လမ်းလေးကို တူတူလျောက်ကြမယ်

Monday, May 4, 2009

အထီးကျန်တယ်ဆိုတာ ..


အထီးကျန် အဖော်မဲ့ခြင်းလောက် ပေါင်းသင်းလို. ကောင်းတဲ့မိတ်ဆွေ လောကမှာ မရှိဘူး။ အထီးကျန်တယ်ဆိုတာ နာမည်လေးကသာ ကဗျာဆန်တာ။ သောကနွယ်ပင်တွေ ရစ်တက်နေတဲ့ သစ်ပုတ်ပင်ကြီးလိုပဲ ပျင်းရိဖို. ကောင်းလှတယ်။
တကယ်တော့ အဖော် ဆိုတာ အချိန်အတိုင်းအတာ ၁ခုလောက်ထိပဲ ကိုယ့်အနားမှာ နေပေးနိုင်တာမဟုတ်လား? တကယ်လို.များ ခွဲခွါသွားမယ်ဆိုရင် အစကတည်းက အဖော်မရှာခဲ့ရင် ကောင်းသားနော်။
ဟုတ်တယ်။ မုတ်ကောင်လေးတွေရဲ. ဘဝကို ကြည့်လေ။ ရင်ကိုခွဲ ပုလဲလေးတွေ ထုတ်ပေးလိုက်တာနဲ. ဘဝပျက်ရရှာတယ်။
အော် ..
ငါလည်း မုတ်ကောင်လေးတွေလိုပါပဲလား။ ရင်ထဲက ပုလဲလေးတွေကို ထုတ်မပေးဘဲ အဖိုးတန်ပုလဲလေးတွေ အဖြစ် ထာဝရ သိမ်းထားခဲ့ရင် ကောင်းသားနော်။